အကျင့်ကောင်းတွေကို ဘယ်လိုမွေးမြူမလဲ

လောကမှာ အကောင်းအဆိုး၊ အမှားအမှန်၊ အဖြူအမဲ အမြဲလိုလို ဒွန်တွဲနေပါတယ်။ဒါကြောင့် လူတိုင်းမှာလည်း တစ်ယောက်တစ်မျိုးစီ မကောင်းတဲ့ အကျင့်ဆိုးလေးတွေ၊ လွဲမှားတဲ့ အယူအဆလေးတွေ ရှိသလို ကောင်းမွန်ပြီး အတုယူသင့်တဲ့ အကျင့်လေးတွေလဲ ရှိကြစမြဲပါ။

တချို့ကျတော့လည်း အလုပ်တစ်ခုကို အချိန်ဆွဲပြီးလုပ်တတ်သလို တစ်ချို့ကျတော့လည်း စိတ်မြန်လက်မြန် မြန်မြန်ဆန်ဆန်လုပ်တတ်ကြတယ်။ တချို့ကျပြန်တော့လည်း ပျင်းသလို တချို့ကျတော့လည်း ကိုယ်လဲမသိ၊ သိတဲ့သူပြောပြန်တော့လည်း လက်မခံ။ အမျိုးမျိုးပါပဲ။

ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲပြီး အလေ့အကျင့်ကောင်းတွေကို ဘယ်လိုမွေးမြူကြမလဲ။ ဘယ်လိုချမှတ်ကြမလဲ။
လူတစ်ယောက်အနေနဲ့ အလေ့အကျင့်ကောင်းတစ်ခု မွေးမြူဖို့ဆို နှစ်လထက်မနည်း အချိန်ပေးဖို့လိုတယ်။ အရိုးစွဲနေပြီဖြစ်တဲ့ အလေ့အကျင့်တစ်ခုကိုဖျက်ပြီး အလေ့အကျင့်ကောင်းတစ်ခု မွေးမြူဖို့ဆိုတာ ထင်ထားတာထက်ခက်ခဲပါတယ်။ ရေတက် ငဇင်းရိုင်းလိုမျိုး တစ်ရက် နှစ်ရက်လောက် တက်တက်ကြွကြွလုပ်ပြီး ကျန်ရက်မှာ ဒုံးရင်းက ဒုံးရင်းတိုင်းဆို ဘာမှဖြစ်လာမှာမဟုတ်ပါ။ ဇွဲ၊လုံ့လ၊ ဝီရိယရှိဖို့လိုပါတယ်။

နောက်တစ်ခုအနေနဲ့ ဘယ်အလုပ်ကိုပဲ စလုပ်လုပ် ပန်းတိုင်ထားရစမြဲပါ။ ဘဝဆိုတာ အခွင့်အလမ်းတစ်ခုဖြစ်တာကြောင့် အကျိုးအမြတ်ရအောင် ယူနိုင်ရပါမယ်။

မကောင်းတဲ့အလေ့အကျင့်တွေနေရာမှာ အကျင့်ကောင်းလေးတွေ ဝင်ရောက်နေရာယူဖို့ နည်းလမ်းလေးတွေ ဝေမျှပါရစေ။
ထိုအချက်တွေကို လုပ်ဆောင်သွားမယ်ဆို သင့်ဘဝမှာ တစ်ခုခု အရာထင်လာမှာပါ။ တိုးတက်ပြောင်းလဲသွားမှာပါ။

၁။ ဘူး တစ်လုံးဆောင်တတ်တဲ့ အကျင့်ကို အရင်ဦးဆုံးစပြင်ပါ။

လေ့ကျင့်ခန်းလုပ်တဲ့ အကျင့်တစ်ခုမွေးမြူချင်ရင် ဒီနေ့အတွက် မင်းရဲ့ပန်းတိုင်က လေ့ကျင့်ခန်း တစ်မိနစ်စာလုပ်ဖို့ တော့လိုပါလိမ့်မယ်။ စာရေးခြင်းအကျင့် မွေးမြူချင်ရင် ဒီနေ့အတွက် မင်းရဲ့ပန်းတိုင်က စာသုံးကြောင်းရေးဖို့လိုပါလိမ့်မယ်။ ကျန်းမားရေးနဲ့ညီတဲ့ စားသောက်မှုပုံစံမွေးမြူချင်ရင် ဒီတစ်ပတ်အတွက် မင်းရဲ့ပန်းတိုင်က ကျန်းမာရေးနဲ့ညီတဲ့ သစ်သီးဝလံတွေကို စားသောက်ဖို့လိုပါတယ်။ ကိုယ် အဓိပ္ပာယ်မရှိဘူးလို့ ယူဆတားတဲ့ အသေးအမွှားလေးတွေကနေ စတင်ပြောင်းလဲလိုက်ပြီး ပန်းတိုင်တစ်ခုချမှတ်ပါ။

၂။ ကိုယ့်အကျင့်တွေကို ရှင်းရှင်းလင်းလင်းသိပါစေ။

ကိုယ့်ကို နှောင့်နှေးအောင်ပြုလုပ်နေတဲ့အရာတွေကို ရှင်းရှင်းလင်းလင်းသိမြင်ဖို့ အချိန်အနည်းငယ်ယူပါ။

၃။ မင်းကျရှုံးခဲ့တဲ့ အရာတွေကို အစီအစဉ်ရေးဆွဲပြီး တိုးတက်အောင် လုပ်ဆောင်ပါ။

လူတွေရဲ့ မကောင်းတဲ့ အကျင့်က မကြိုးစားဘဲ အောင်မြင်မှုသရဖူဆောင်းချင်တာပဲ။ ထို့ပြင် အစပိုင်းမှာ တက်ကြွစွာလုပ်ပြီး နောက်ပိုင်းမှာ အခက်အခဲတစ်စုံတစ်ရာတွေ့ရော လက်လျော့လိုက်ပါရော။ အဆုံးစွန်ထိ ကြိုးစားလုပ်ဆောင်ကြည့်မယ်ဆိုတာ မရှိပါ။
ကျရှုံးမှုဆိုတဲ့ သင်ခန်းစာကို မသင်ယူမခြင်း အောင်မြင်မှုဆိုတဲ့ ပညာဉာဏ်အလင်းကို ရမှာ မဟုတ်ဘူးလို့ ပြောပါရစေ။ မင်းအမှားတစ်ခုလုပ်ဆောင်လိုက်တာက ရှက်ရွံ့့ကြောက်ရွံ့နေဖို့မဟုတ်ဘူး။ သင်ယူဖို့ပဲဖြစ်တယ်။

၄။အချိန်ဇယားတစ်ခုသတ်မှတ်ပြီး လုပ်ဆောင်ပါ။

အရင်က လုပ်ဆောင်ခဲ့တဲ့ အရာတွေကိုမေ့ပြီး အခုကစပြီး အကျင့်ကောင်းတစ်ခုမွေးမြူလိုက်ပါ။မင်း ပတ်ဝန်းကျင်၊ ထင်သာမြင်သာရှိတဲ့နေရာမှာ ကိုယ်လက်ကိုင်ထားတဲ့ ဆောင်ပုဒ်တစ်ခုထားပါ။ စာရေးသူကတော့ I will forgive but never forget ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားတယ်။

၅။ တစ်လသတ်မှတ်ထားပါ။

အကျင့်တစ်ခု အလိုအလျောက်အသက်ဝင်ဖို့ဆို သုံးပတ်ကနေ လေးပတ်လောက်အထိ အချိန်လိုအပ်ပါတယ်။ အစပိုင်းမှာ ခက်ခက်ခဲခဲလုပ်ဆောင်ရပေမယ့် နောက်ပိုင်းမှာ ကျင့်သားရသွား ပါလိမ့်မယ်။ တစ်လဆိုတဲ့အချိန်ဟာ တစ်ခုခုကိုပြောင်းလဲသတ်မှတ်ဖို့ လုံလောက်တဲ့ အချိန် ဖြစ်ပါတယ်။

၆။ နေ့စဉ်လုပ်ဆောင်ပါ။

မင်းလေ့ကျင့်ခန်းစတင်လုပ်ဆောင်ချင်ရင် သတ်မှတ်ထားတဲ့ တစ်လမှာ နေ့တိုင်းလိုလို လေ့ကျင့်ခန်းရုံကို သွားပါ။ နှစ်ပတ်လောက်အကြာထိတော့ အကျင့်တစ်ခု အသက်ဝင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဘယ်အရာမဆို ဖြေးဖြေးနဲ့မှန်မှန်လုပ်ဆောင်သွားရတာပါပဲ။

၇။ ရိုးရိုးလေးနဲ့စပါ။

တစ်ရက်ထဲနဲ့ မင်းဘဝကိုလုံးဝဥဿုံပြောင်းလဲသွားဖို့ မမျှော်လင့်ပါနဲ့။ ဥပမာအနေနဲ့ပြောရမယ်ဆို တစ်နေ့ကို နှစ်နာရီ စာလုပ်မယ်လို့သတ်မှတ်ထားရင် ဦးဆုံးအနေနဲ့ မိနစ် ၃၀လောက်ပဲ စာစလုပ်ပါ။ အဲ့ဒီလို့နဲ့ တစ်ဖြေးဖြေးကျင့်ယူသွားပါ။

၈။ ကိုယ့်ကိုယ်ကိုယ့် အမြဲသတိပေးနေပါ။

နှစ်ပတ်ဆိုတာ တစ်ခုခုကိုမေ့ဖို့ လုံလောက်တဲ့အချိန်ပါ။ မင်းရဲ့အကျင့်ကို နေ့တိုင်း လိုက်နာ ဆောင်ရွက်ပါ။ အချိန်အနည်းငယ်ပျက်ကွက်လိုက်ရင် အကျင့်တစ်ခု အစကနေစတင်ပြီး ပြန်လည်လိုက်နာ ဆောင်ရွက်ရပါလိမ့်မယ်။

၉။ သူငယ်ချင်းတစ်ယောက်ထားပါ။

ဆက်လက်လုပ်ကိုင်ချင်စိတ်မရှိဘူးလို့ခံစားရချိန် မင်းစိတ်ဓာတ်ခွန်အားတက်လာအောင် အားပေးမယ့် သူငယ်ချင်းတစ်ယောက် ရှာပါ။

၁၀။ ဆုံးရှုံးသွားတဲ့အရာတွေကို ဖြည့်ဆည်းပါ။

မင်းရဲ့ အလေ့အကျင့်တစ်စုံတစ်ရာကို အရှုံးပေးလိုက်ရင် တခြားအရာတစ်ခုနဲ့ အစားထိုးပါ။ ရုပ်ရှင်ကြည့်ခြင်းနဲ့ မင်းက အနားယူလေ့ရှိတယ်ဆို အဲ့ဒီနေရာမှာ တရားထိုင်တာတွေ စာဖတ်တာတွေ နဲ့အစားထိုးလိုက်ပါ။

အထက်ဖော်ပြပါအချက်တွေက အကျင့်ကောင်းတစ်ခု မွေးမြူဖို့ အကောင်းဆုံးအချက်အလက်တွေဖြစ်တယ်။ ထိုအချက်တွေက မင်းဘဝအခုထက် ပိုတောက်ပပြီး အဝေးကိုပျံသန်းဖို့ တောင်ပံတစ်စုံ တပ်ဆင်ပေးလိုက်ခြင်းပဲ ဖြစ်တယ်။ ကျွန်တော်တို့ ကြိုးစားလိုက်ရအောင်။

Career, Education, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *