အရေးအကြီးဆုံးအလုပ်ကို မနက်စောစောမှာ လုပ်ပါ

#POINT #PointYouthPlatform

ကျွန်တော်ဖတ်ဖူးသမျှထဲမှာ စိတ်အားတက်ကြွမှုဖြစ်စေသည့် အကောင်းဆုံးစာအုပ်တစ်အုပ်ကတော့ Brian Tracy ရဲ့ Eat That Frog ဆိုတဲ့စာအုပ်ပါပဲ။
ပထမဆုံး ကျွန်တော်စဖတ်တုံးက အတော်လေးအထောက်အကူပြုခဲ့သလို အခုအချိန်အထိလည်း အကြိုက်ဆုံးစာအုပ်တစ်အုပ်ဖြစ်နေဆဲပါပဲ။ အချိ်န်တစ်ချိန်မှာ တစ်ခုတည်းကိုသာ အာရုံစူးစိုက်ခြင်းရဲ့ကောင်းကျိုးကို အဲ့စာအုပ်က သင်ပေးပါတယ်။
အခုစာမှာတော့ ကျွန်တော့်ကို ဘာ့ကြောင့်စိတ်အားတက်ကြွစေခဲ့သလဲဆိုတာနဲ့ စာပိုဒ်ထဲက အထောက်အကူပြုနိုင်သည့် တချို့အချက်တွေကို ဖော်ပြပေးသွားမှာပါ။
တကယ်လို့ ဒီစာအုပ်အကြောင်းကို အသေးစိတ်စာကြောင်းတစ်ကြောင်းနှင့် ဖော်ပြရမယ်ဆိုရင်တော့ “ကိုယ့်အတွက် အရေးအကြီးဆုံးအလုပ်တွေကို မနက်ပိုင်းမှာ အရင်လုပ်ဆောင်ပါ” ဆိုတဲ့ စာကြောင်းတစ်ကြောင်းပါပဲ။
တကယ်လို့ ကျွန်တော်တို့လုပ်နိုင်တယ်ဆိုရင် ကျန်တဲ့အချိန်တွေဟာ ကျွန်တော်တို့ အတွက် လွယ်ကူသွားပါပြီ။ ခက်ခဲပြီး လုပ်ဆောင်ရတာကြာမြင့်တဲ့ အလုပ်တွေကို ကျွန်တော်တို့ အချိန်အများကြီးဆွဲထားလိုကြပါတယ်။
ကျွန်တော်တို့လုပ်ရတာကို မကြိုက်တာတော့မဟုတ်ဘူး။ ဒါပေမယ့် အချိန်တစ်ခု အားလပ်ချိန်ရမယ်ဆိုရင်တောင်မှ အဲ့အရေးကြီးသောအလုပ်ထက် တခြားတစ်ခုခုကို လုပ်ပြီး ကျွန်တော်တို့ အချိန်ဖြုန်းတာတွေရှိပါတယ်။
ဒါပေမယ့် အရေးကြီးတဲ့အလုပ်တွေက ကျွန်တော်တို့ဘဝကို ထိထိရောက်ရောက် ကောင်းကျိုးပြုစေပါတယ်။ ဒါ့ကြောင့်အချိန်ဆွဲတတ်သော အကျင့်တွေရှိမယ်ဆိုရင် အရေးကြီးသောအလုပ်ကို မနက်စောစောထလုပ်ကိုင်လိုက်ခြင်းက ကိုယ့်ကို ကောင်းမွန်သော အခြေအနေတွေဆီကို ဦးတည်သွားစေနိုင်ပါတယ်။
ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်တော့ ကိုယ့်ရဲ့အရေးကြီးသော လုပ်ငန်းတာဝန်တွေကို ဖားတစ်ကောင်လို့မြင်ကြည့်လိုက်ပါ။ ကိုယ့်ကို ပိုကောင်းသော ဘဝကို ဖန်တီးပေးနိုင်တဲ့အရာတွေပေါ့။ အဲ့အလုပ်တွေက သိပ်ကိုအရေးကြီးတယ်။ ဒါပေမယ့် ချက်ချင်းလုပ်စရာလိုမှ လိုလိမ့်မယ်။
Brain Tracy ရဲ့အကြံပေးချက်ကတော့ အဲ့လိုအလုပ်တွေကို ကိုယ့်ရဲ့လုပ်ဆောင်နိုင်မှုအကောင်းဆုံးနဲ့ စိတ်အလန်းဆန်းဆုံးချိန်ဖြစ်သည့် မနက်ခင်းမှာ လုပ်ဆောင်ခြင်းပါ။ တစ်နည်းအားဖြင့်ပြောရရင် “Eat That Frog” မနက်ခင်းမှာ ဖားကိုစားလိုက်ပါဆိုတာပါပဲ။
မနက်စောစောစပြီး အရေးကြီးတာတွေကို လုပ်ဆောင်ရတာက အစပိ်ုင်းခက်ခဲနိုင်ပါတယ်။ နောင်ပိုင်းတော့ အသားကျပြီး အဆင်ပြေပြေဆောင်ရွက်သွားနိုင်မှာပါ။
တခြားကိစ္စတွေမဆောင်ရွက်ခင် ကိုယ့်အတွက်အရေးကြီးသော ကိစ္စတွေကို လုပ်ဆောင်ပြီးပြီ ဆိုတဲ့စိတ်ကလည်း စိတ်အားတက်ကြွခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ထိုအလုပ်တွေကို လုပ်ဆောင်ပြီးပြီဆိုရင် ကျန်တဲ့ ကိစ္စအသေးအဖွဲတွေကိုလည်း ဆောင်ရွက်ဖို့လွယ် ကူသွားပြီပေါ့။
ပြီးတော့ တစ်နေကုန်ဘာတွေပဲကြုံတွေ့ကြုံတွေ့ ကိုယ့်အတွက် အရေးကြီးဆုံးတစ်ခုကို မနက်ခင်းစောစောစီးစီး ဆောင်ရွက်ပြီးသွားပြီ (ဖားကို မနက်စောစောစီးစီးမှာ စားပြီးသွားပြီ) ဆိုတော့ ကျန်တဲ့အချိန်တွေကို သာသာယာယာ ကျော်ဖြတ်လာနိုင်မှာပါ။
ဒါ့ကြောင့် မနက်ခင်းစောစောမှာ ဖားကို စားလိုက်ပါ တစ်နည်းပြောရရင် အရေးကြီးတဲ့ အလုပ်တွေကို မနက်ပိုင်းမှာ ဆောင်ရွက်တဲ့ အလေ့အကျင့်လေးမွေးကြည့်ပါ ။

 

Translator : Thiha Aung

 

Career

Leave a Reply

Your email address will not be published. Required fields are marked *