အလုပ်များသူတွေ အချိန်တိုအတွင်း အလုပ်ပြီးအောင် ဘယ်လိုလုပ်မလဲ

#POINT #PointYouthPlatform

ပန်းတိုင်တွေဆီ အရောက်သွားဖို့ အလုပ်ကြိုးစားရမယ်ဆိုတာ အားလုံးသိပါတယ်။ တစ်ကမ္ဘာလုံးက စီးပွားရေးနဲ့ စွန့်ဦးလုပ်ငန်းမှာ အောင်မြင်ဖို့ နှစ်တွေ၊ လတွေ စတေးပြီး အနစ်ခံနိုင်စွမ်းရှိရမယ်လို့ မကြာမကြာ ကြားရတတ်ပါတယ်။ ဒါပေမယ့် ခုလုပ်နေတာ အားလုံးက မှားယွင်းနေတယ်ဆိုရင်ကော။ အချိန်တစ်ဝက်လောက် လုပ်တာထက် လုပ်စရာတွေ အများကြီး ပြီးမြောက်နိိုင်ဖို့ နည်းလမ်းရှိတယ် ဆိုရင်ကော။ အချိန်ရွေ့လျားစက် တီထွင်နိ်ုင်တာကမှ ဖြစ်နိ်ုင်တယ်လို့ သင်ပြောနိ်ုင်ပါတယ်။ ပြိုင်ပွဲမှာ တခြားသူတွေ စတောင်မစသေးခင် နောက်ဆုံး လိုင်းကို ရောက်နိုင်မှာ ဖြစ်ပါတယ်။

(၁) ၈၀/၂၀ စည်းမျဉ်းကို အသုံးချပါ။ပါရီတို စည်းမျဉ်းကတော့ ကိုယ်အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့နေရာကို သိရှိနိုင်ပါတယ်။
၈၀% ရလဒ်က ၂၀% လုပ်ဆောင်ချက်ပေါ်ကနေ လာပါတယ်။ တစ်နည်းနဲ့ ပြောရရင် ၂၀ရာခိုင်နှုန်းရှိတဲ့ မင်းရဲ့ ဈေးဝယ်သူတွေက ၈၀% အကျိုးအမြတ် ရရှိနိုင်တယ်။ ဒီလိုပါပဲ ကိုယ့်ရဲ့ နေ့စဉ်အလုပ်တွေရဲ့ ၂၀%ကို အလွန်အရေးကြီးပြီး၊ အချိန်ပေးရမယ့် စီမံကိန်းတွေမှာ အသုံးပြုပါ။ ကျန်တဲ့ ၈၀%ကိုတော့ သိပ်အရေးမကြီးတဲ့အရာတွေမှာ လုပ်ဆောင်ပေးပါ။

အလုပ်တွေရဲ့ ထိပ်တန်း၂၀%အပေါ်မှာ အာရုံစိုက်တာက ကိုယ့်အချိန်ကို အကျိုးရှိရှိ အသုံးပြုတာပါပဲ။ ဒီတာဝန်တွေ ပြီးသွားတာနဲ့ တစ်ပြိုင်တည်း၊ ကျန်တဲ့ ၈၀% ကို ဆောင်ရွက်နိုင်ပါပြီ၊ ဒါမှမဟုတ် တခြားသူတွေဆီ အလုပ်လွှဲပြောင်း ပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို မေးခွန်းမေးကြည့်ပါ။ “ဒီတစ်ခုက အရေးကြီးလုပ်ဆောင်ရမယ့် တစ်ခုလား၊ ဒါမှမဟုတ် ကျန်တဲ့ ၈၀%လား။”စီးပွားရေး နယ်ပယ်မှာလည်း ဒီနည်းအတိုင်း သွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ငွေကြေးဖန်တီးပေးမယ့်သူတွေ၊ ကိုယ့်လုပ်ငန်းအတွက် တကယ်ကြိုးစားပေးတဲ့ သူတွေရဲ့ ၂၀% ကိုသာ အထူးအလေးပေး ပေါင်းသင်းပါ။

(၂) တာဝန်အကြီးကြီးတွေကို သေးသေးလေးဖြစ်အောင်လုပ်ပါ။

စိတ်ထိခိုုက်တဲ့အချိန်မှာ အချိန်ဆွဲပြီး လုပ်တတ်ကြပါတယ်။ ကြီးမားတဲ့ ပရောဂျက်ကို စတင်ဖို့ ရှောင်ဖယ်တတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဒါကို ဘယ်လိုအကောင်းဆုံး ကိုင်တွယ်ဖြေနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေလို့ပါပဲ။ အလုပ်ကြီးကြီးမားမားတွေဆို တာဝန်ယူလုပ်ဆောင်ဖို့ ရပ်လိုက်ကြတယ်။ တစ်ချိန်တည်းနဲ့ စီမံလို့လွယ်မယ့် အလုပ်ငယ်လေးတွေဖြစ်အောင် တာဝန်တွေကို ခွဲလိ်ုက်ရပါမယ်။ မြန်မြန်နဲ့ နာရီဝက်အတွင်း ပြီးမြောက်နိ်ုင်မယ့် အလုပ်တွေအဖြစ် ဆောင်ရွက်ရမယ့်အလုပ်တွေကို ခွဲခြားလိုက်ပါ။
မိနစ် ၂၀လောက် အချိန်သတ်မှတ်ကာ၊ အလုပ်ပေါ်မှာ လုံးဝအာရုံစိုက် အားထည့်လုပ်ဆောင်ရပါမယ်။ ကိုယ်ဘယ်လောက် အလုပ်ပြီးမြောက်သွားတာကို အံသြဖွယ်တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ထပ် မိနှစ် ၂၀အတွင်း ကိုယ်ဘာတွေ လုပ်ဆောင်နိုင်မယ်ဆိုတာ အားတက်သရော ဆက်လုပ်ကြည့်ပါ။

(၃) ကိုယ့်ရဲ့ ပင်ကိုယ်အရည်အချင်းပေါ်မှာ အာရုံစိုက်ပါ။

ကျွန်တော်တို့အများစုက လက်တစ်ဆုပ်စာ အရာတွေမှာ တကယ်တော်ကြပါတယ်။
ကိုုယ့်အချိန်တွေကို ကိုယ်အားသန်တဲ့နယ်ပယ်မှာ သုံးစွဲတာ အကောင်းဆုံးပါပဲ။ တကယ်လို့ တစ်ယောက်ယောက်ကို တခြားအလုပ်တွေ လက်လွှဲလိုက်မယ်ဆိုရင်၊ ကိုယ်အကောင်းဆုံး ဆောင်ရွက်နိုင်မယ့် အလုပ်ပေါ်မှာ အာရုံစိုက်ဖို့ အချိန်ပိုရပါလိမ့်မယ်။

(၄) သဘာဝ စည်းချက်တွေကို နားလည်ပါ။

ကိုယ်က ဘယ်အချိန်မှာ စွမ်းအားအမြင့်ဆုံးလဲ။ ဘယ်အချိန်မှာ ဖန်တီးနိုင်စွမ်း အရှိဆုံးလဲ။ ထိထိရောက်ရောက်နဲ့ အကောင်းဆုံး စွမ်းဆောင်ချင်တယ်ဆိုရင်၊ ကိုယ့်စွမ်းအင်ကို ဘယ်လို စီမံရမယ်ဆိုတာ သိရပါမယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝ အချိန်ကို နားလည်ပါ။ ပုံလဲပစ်လောက်အောင် ခံစားရတဲ့ အချိန် ရှိလား။ အပြင်ထွက်ချင်စိတ် မရှိတဲ့အချိန် ရှိလား။ ကိုယ့်စိတ်တက်ကြွတဲ့အချိန်မှာ အရေးကြီးတဲ့ အလုပ်တွေကို ဦးစားပေးလုပ်ဆောင်ပါ။

အလုပ်ဖြစ်ဖို့အတွက် ပုံမှန်လုပ်ဆောင်ရပါမယ်။ ဒါက ကိုယ့်ရဲ့ သဘာဝ စည်းချက်တွေကို ရှာဖွေနိုင်ကာ စံနမူနာကို ဖန်တီးနိုင်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ဘယ်အရာမှာ အတော်ဆုံးဆိုတာ သိတဲ့အခါ၊ အသေးစိတ်နဲ့ ခက်ခဲတဲ့ တာဝန်တွေမှာ စိတ်နှစ်ထားပါ။ တစ်နေ့လုံး ကိုယ့်စွမ်းအင်ကို ထိန်းသိမ်းဖို့ရာ ကိုယ့်ကိုယ်ကို အနားပေးပါ။

(၅) အာရုံနောက်စရာတွေကို ဖျက်ပစ်ပါ။

အာရုံစိ်ုက်နိုင်စွမ်းက လုပ်နိုင်စွမ်းရဲ့ အဓိကသော့ချက်ပါပဲ။ ရုံးသမားတစ်ယောက်က အာရုံထွေပြားသွားပြီးနောက် မူလအလုပ်ကို ပြန်လည် ဆောင်ရွက်ဖို့ ၂၅မိနစ်လောက် အချိန်ယူရတတ်ပါတယ်။ အလုပ်အနှောင့်အယှက်တွေကလည်း တိကျမှုကို ၂၀% လျော့ကျစေပါတယ်။

အနှောင့်အယှက်တွေကို ဖယ်ထုတ်လိုက်တာက ဆုံးရှုံးသွားတဲ့အချိန်တွေကို ပြန်ကာမိမှာ ဖြစ်ပါတယ်။ ပရောဂျက်ထဲကို ဦးတည်နေတဲ့ အချိန်တွေကို နှောင့်ယှက်လို့ မရအောင် ဇယားရေးဆွဲပါ။
တစ်ခုခု စတင်တာနဲ့ ပြီးဆုံးအောင် လုပ်ပါ။ နေ့တိုင်း ကိုယ်ပြီးမြောက်ချင်တဲ့ ရည်ရွယ်ချက်တွေကို ပန်းတိုင်ချမှတ်ကာ တကယ်ဖြစ်အောင် ဖန်တီးပါ။စမတ်ဖုန်းကတော့ အကြီးမားဆုံး အနှောင့်အယှက်ပါပဲ။ သာမန်အားဖြင့် လူတစ်ယောက်က ဖုန်းနဲ့ ခြောက်မိနစ်ထိ မခွဲနိ်ုင်ပါဘူး။ တစ်နေ့ကို အကြိမ် ၁၅၀လောက်ထိ ကြည့်တတ်ကြပါတယ်။ ဖုန်း သတိပေးချက်တွေကို ပိတ်ထားပါ။ ဖုန်းကို ကိုယ်နဲ့ ခပ်ဝေးဝေးမှာ ထားပါ။

(၆) တစ်ချိန်မှာ တစ်ခုပဲ အာရုံစိုက်ပေးပါ။

ကျွန်တော်တို့က တာဝန်အများအပြားယူတာက ပိုပြီး လုပ်ဆောင်နိုင်မယ်လို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ မသိတာက လူသားတွေရဲ့ ဦးနှောက်က တစ်ခါတည်းမှာ တစ်ခုထက်ပိုပြီး အာရုံမစိုက်နိုင်တာပါပဲ။ Web pageတွေ၊ အီးမေးလ်၊ မက်ဆေ့ချ်တွေနဲ့ လွှဲပြောင်းလုပ်နေပေမဲ့၊ ဘာတစ်ခုမှ မပြီးဘူးဆိုတာကို အံ့သြနေပါလိမ့်မယ်။ တစ်ခုတည်းကိုပဲ စ လုပ်ရမယ့် အချိန်ပါပဲ။

အလုပ်တစ်ခုတည်းလုပ်တယ်ဆိုတာ ကိုယ်ပြီးမြောက်ရမယ့်အလုပ်ပေါ်မှာပဲ အာရုံစိုက်တာဖြစ်ပါတယ်။ ကိုယ့်ရဲ့တာဝန်တွေ အများကြီးယူလုပ်ချင်တဲ့အကျင့်ကို ဖျောက်ရပါမယ်။ ကျွန်တော်တို့က အချိတ်အဆက်များတဲ့ လောကကြီးမှာ နေတဲ့အတွက် အလုပ်တိုင်းကို ပြီးမြောက်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အလုပ်တစ်ခုထဲကိုပဲ စိတ်နှစ်ပြီးလုပ်ဆောင်တာက တကယ်အရေးကြီးတဲ့အလုပ်တွေကို ပြီးမြောက်စေနိုင်ပါတယ်။

တစ်နေ့ကို နှစ်နာရီကနေ လေးနာရီအထိ တစ်ခုခုကို အာရုံစိုက်နေချိန်မှာ
အာရုံ မပြောင်းမိအောင် လုပ်ဆောင်ပါ။ ဒီစွမ်းရည် တိုးတက်ဖို့ အချိန်ခဏပဲ ကြာပါတယ်။ သင့်ရဲ့ လုပ်ငန်းပေါ်မှာ သက်ရောက်နေတဲ့ အံ့သြဖို့ ကောင်းလှတဲ့ အခက်အခဲတွေကို ထိုးဖောက်စေဖို့ ကိုယ့်ဦးနှောက် နှစ်ခြမ်းလုံးကို တစ်ဖြည်းဖြည်း ချိတ်ဆက်မိစေနိုင်ပါတယ်။

(၇) အိပ်ပါ၊ စားပါ၊ အသက်ရှူပါ။

သင်က ပင်ပန်းနေမယ်၊ ဆာလောင်နေတယ် ဆိုရင် အကောင်းဆုံး စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဂရုစိုက်ရပါမယ်။ သင်က စက်ရုပ်တစ်ရုပ်မဟုတ်ပါဘူး။ အလုပ်တွေ ကောင်းမွန်စွာ ဆောင်ရွက်နိ်ုင်ဖို့ အနားယူရမယ်၊ အစာစားရမယ်၊ စိတ်ကြည်လင်ရပါမယ်။ အသင့်စားအစားသောက်တွေကို စွန့်ပစ်ကာ၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေနဲ့ သားရေစာမုန့်တွေကို ခန္ဓာကိုယ်အတွက် အားဖြစ်အောင် စားပေးရပါမယ်။ ညကို ရှစ်နာရီအပြည့်အဝ အိပ်စက်ပါ။ လေ့ကျင့်ခန်း လုပ်ပေးပါ။ စိတ်ကျန်းမာရေးအတွက် ခဏတစ်ဖြုတ် အနားယူပေးပါ။

တစ်နေ့ကို မိနစ်အနည်းငယ်လောက် အချိန်ပေးကာ အသက်ရှုသွင်းတာ ဒါမှမဟုတ် တရားထိုင်တာတို့ လုပ်တာက စိတ်ကို ကြည်လင်စေပါတယ်။ နောက်တစ်ခုကတော့ ကိ်ုယ့်ရဲ့ ရုံးခန်းမှာရှိတဲ့ ဓာတ်လှေကားထက် ရိုးရိုးလှေကားကနေ လမ်းလျှောက်တက်ပါ။ ဒီ လှုပ်ရှားမှုတွေက ဦးနှောက်ကို လန်းဆန်းစေကာ အာရုံစူးစိုက်မှု ကောင်းမွန်စေပါတယ်။

Translator : Hsu Mi San

Career

Leave a Reply

Your email address will not be published. Required fields are marked *