အထီးကျန်ပြီး စိတ်ဓာတ်ကျနေရင် ဘယ်လိုကျော်ဖြတ်မလဲ

#POINTYouthMagazine #POINT

အထီးကျန်ပြီး စိတ်ဓာတ်ကျတာ လူတိုင်းဖြစ်တတ်ကြပါတယ်။ ဒီအချိန်မှာ ဘာလုပ်သင့်သလဲ။ ဒါတွေကိုကျော်လွှားပြီး စိတ်ပျော်ရွှင်ဖို့ အထောက်အပံ့ဖြစ်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ခံစားချက်ကို လက်ခံပါ

ကိုယ်တိုင် ကျရှုံးမှုတွေနဲ့ပိတ်မိနေပြီး အမြဲတမ်းအထီးကျန်တဲ့သူ မဖြစ်ပါစေနဲ့။ အကြောင်းက ဒီလိုကိစ္စဟာ လူတိုင်းကြုံတွေ့နေရလို့ပါ။ သေချာတာက စိတ်ဓာတ်ကျတာနဲ့ အထီးကျန်မှုတွေဟာလည်း မတည်မြဲ တဲ့အရာတွေပါ။ ဒါကို သဘောပေါက် လက်ခံရပါမယ်။ ဒါကြောင့် ရှေ့ဆက်သွားဖို့ပဲ အာရုံစိုက်ထားပါ။

၂။ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားပါ

ရင်းနှီးချင်တဲ့သူတွေရှိရင် ရင်းနှီးအောင်လုပ်ပါ။ လိုချင်တာရှိရင် ပြန်ပေးရမယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ ကိုယ်နဲ့ ကိုယ့်အသိုင်းအဝိုင်းကို အကျိုးပြုမယ့်သူလို့ ယုံကြည်ရင် ကိုယ့်ဘဝထဲဝင်လာအောင် အားထုတ်ပါ။ ဒီလိုပဲ သူများတွေကလည်း ကိုယ်နဲ့ အကျွမ်းတဝင်ဖြစ်ချင်တယ်ဆိုတာကို သတိချပ်ပါ။ ဒါဆိုရင် လူတွေနဲ့ပေါင်းသင်းဆက်ဆံတာ ပျော်ရွှင်လာပြီး စိတ်ဓာတ်ကျ အထီးကျန်တာမျိုး ခံစားရမှာ မဟုတ်ပါဘူး။

၃။ Social Media ကို အကန့်အသတ်နဲ့သုံးပြီး မလိုအပ်ရင် အဆက်အသွယ်ဖြတ်ပါ

Social Media က တချို့ကိစ္စတွေဟာ မှားယွင်းတဲ့ အယူအဆတွေ ပေးတတ်တာကြောင့် စိတ်ဓာတ်ကျပြီး အထီးကျန်တတ်ပါတယ်။ ဒီလိုဖြစ်လာရင် Socail Media သုံးတာကို ချက်ချင်းရပ်လိုက်ပါ။ သံယောဇဉ် မထားပါနဲ့။ အဆက်မပြတ်အောင် တစ်ပတ်တစ်ကြိမ်လောက်ပဲ သုံးနိုင်အောင် လေ့ကျင့်ပေးပါ။

၄။ ကိုယ့်ရဲ့ အထီးကျန် စိတ်ဓာတ်ကျတဲ့ခံစားချက်ကို ပြန်သုံးသပ်ပါ

အချိန်တိုင်းဝမ်းနည်းပြီး အထီးကျန်နေတယ်လို့ စဉ်းစားနေရင် ပိုပြီး ဝမ်းနည်းအထီးကျန်ဆန်လာပါလိမ့် မယ်။ ဒီအတွေးအမြင်တွေကို တဖြည်းဖြည်း အကောင်းဘက်ရောက်လာအောင် လေ့ကျင့်ယူပါ။

၅။ ကိုယ်ကျင်လည်တဲ့ လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင်လေ့လာပါ

တစ်ခါတစ်ရံမှာ ခံစားမှုတွေက အထီးကျန်အောင် လှည့်စားတတ်ပါတယ်။ ဒါက မသိစိတ်ရဲ့ လှုံဆော်မှုကြောင့်ပါ။ ဒီလိုဖြစ်ရင် အပေါင်းအသင်းမလိုဘူးလို့တောင် ခံယူတတ်လာပါတယ်။ အမှန်တော့ လုပ်ငန်းခွင်ဟာ စိတ်ဖိစီးမှုတွေရှိသလို ပျော်စရာတွေလည်း အများကြီးပါ။ ဒါကိုမြင်အောင် ကြည့်တတ်ရပါမယ်။
လေ့လာစမ်းစစ်ချက်အရ တစ်ယောက်ထဲရှိချိန်ဟာ စိတ်အေးချမ်းသာမှုရှိတယ်ဆိုပေမယ့် အမြဲတမ်း တစ်ယောက်ထဲနေဖို့တော့ မသင့်ပါဘူး။ သူများနဲ့ပတ်သက်ပြီးရတဲ့ခံစားမှုကလည်း ကိုယ့်အတွက်ကောင်းတဲ့ စိတ်အပြောင်းအလဲတွေလည်း ရနိုင်ပါတယ်။

၆။ ကိုယ့်အကြောင်းကြီးပဲ အမြဲမစဉ်းစားပါနဲ့

စာအုပ်တွေ လုပ်နေကျအလုပ်တွေထဲက အသစ်တစ်ခုခု သင်ယူပေးပါ။ ဒါမှမဟုတ် တစ်ယောက်ယောက် အကြောင်းကို စဉ်းစားပေးနေရင် လူမှုဆက်ဆံရေးအတွက် အထောက်အပံ့ဖြစ်ပြီး ကိုယ်ရဲ့ အထီးကျန်ပြီး စိတ်ဓာတ်ကျတဲ့ခံစားချက်ကို မေ့ပျောက်သွားပါလိမ့်မယ်။

၇။ ယောဂ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို အချိန်ယူပြီး လုပ်ပေးပါ

စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အပြောင်းအလဲဖြစ်အောင် လုပ်နေကျအလုပ်ကို ဆက်တိုက်မလုပ်ဘဲ အသစ်အဆန်း တစ်ခုခုလုပ်ပေးပါ။ အကောင်းဆုံးကတော့ ယောဂလေ့ကျင့်ခန်းဖြစ်ဖြစ် ကိ်ုယ်လက်လှုပ်ရှား တဲ့ လေ့ကျင့်ခန်းတစ်ခုခုဖြစ်ဖြစ် လုပ်ပေးပါ။ ယောဂလေ့ကျင့်ခန်းက စိတ်တည်ငြိမ်မှုရသလို ကိုယ်လက်လှုပ် ရှားလေ့ကျင့်ခန်းက အဆုတ်အားကောင်းပြီး အသက်ကောင်းကောင်းရှုလာနိုင်တာကြောင့် သိသိသာသာ စိတ်အပြောင်းအလဲ ဖြစ်လာပါလိမ့်မယ်။ ပတ်ဝန်းကျင်အသစ်မှာ ကျင်လည်ရတာကြောင့် အပေါင်းအသင်း အသစ်လည်း ရလာနိုင်ပြီး စိတ်ဓာတ်ကျပြီး အထီးကျန်တဲ့ ခံစားချက်ကို သိသိသာသာ ကုစားနိုင်ပါတယ်။

Writer & Translator : Cherry

*** Unicode ***

#POINTYouthMagazine #POINT

အထီးကျန်ပြီး စိတ်ဓာတ်ကျတာ လူတိုင်းဖြစ်တတ်ကြပါတယ်။ ဒီအချိန်မှာ ဘာလုပ်သင့်သလဲ။ ဒါတွေကိုကျော်လှွားပြီး စိတ်ပျော်ရှွင်ဖို့ အထောက်အပံ့ဖြစ်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။…

၁။ ခံစားချက်ကို လက်ခံပါ

ကိုယ်တိုင် ကျရှုံးမှုတွေနဲ့ပိတ်မိနေပြီး အမြဲတမ်းအထီးကျန်တဲ့သူ မဖြစ်ပါစေနဲ့။ အကြောင်းက ဒီလိုကိစ္စဟာ လူတိုင်းကြုံတွေ့နေရလို့ပါ။ သေချာတာက စိတ်ဓာတ်ကျတာနဲ့ အထီးကျန်မှုတွေဟာလည်း မတည်မြဲ တဲ့အရာတွေပါ။ ဒါကို သဘောပေါက် လက်ခံရပါမယ်။ ဒါကြောင့် ရှေ့ဆက်သွားဖို့ပဲ အာရုံစိုက်ထားပါ။…

၂။ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားပါ

ရင်းနှီးချင်တဲ့သူတွေရှိရင် ရင်းနှီးအောင်လုပ်ပါ။ လိုချင်တာရှိရင် ပြန်ပေးရမယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ ကိုယ်နဲ့ ကိုယ့်အသိုင်းအဝိုင်းကို အကျိုးပြုမယ့်သူလို့ ယုံကြည်ရင် ကိုယ့်ဘဝထဲဝင်လာအောင် အားထုတ်ပါ။ ဒီလိုပဲ သူများတွေကလည်း ကိုယ်နဲ့ အကျွမ်းတဝင်ဖြစ်ချင်တယ်ဆိုတာကို သတိချပ်ပါ။ ဒါဆိုရင် လူတွေနဲ့ပေါင်းသင်းဆက်ဆံတာ ပျော်ရှွင်လာပြီး စိတ်ဓာတ်ကျ အထီးကျန်တာမျိုး ခံစားရမှာ မဟုတ်ပါဘူး။…

၃။ Social Media ကို အကန့်အသတ်နဲ့သုံးပြီး မလိုအပ်ရင် အဆက်အသွယ်ဖြတ်ပါ

Social Media က တချို့ကိစ္စတွေဟာ မှားယွင်းတဲ့ အယူအဆတွေ ပေးတတ်တာကြောင့် စိတ်ဓာတ်ကျပြီး အထီးကျန်တတ်ပါတယ်။ ဒီလိုဖြစ်လာရင် Socail Media သုံးတာကို ချက်ချင်းရပ်လိုက်ပါ။ သံယောဇဉ် မထားပါနဲ့။ အဆက်မပြတ်အောင် တစ်ပတ်တစ်ကြိမ်လောက်ပဲ သုံးနိုင်အောင် လေ့ကျင့်ပေးပါ။…

၄။ ကိုယ့်ရဲ့ အထီးကျန် စိတ်ဓာတ်ကျတဲ့ခံစားချက်ကို ပြန်သုံးသပ်ပါ

အချိန်တိုင်းဝမ်းနည်းပြီး အထီးကျန်နေတယ်လို့ စဉ်းစားနေရင် ပိုပြီး ဝမ်းနည်းအထီးကျန်ဆန်လာပါလိမ့် မယ်။ ဒီအတွေးအမြင်တွေကို တဖြည်းဖြည်း အကောင်းဘက်ရောက်လာအောင် လေ့ကျင့်ယူပါ။…

၅။ ကိုယ်ကျင်လည်တဲ့ လုပ်ငန်းခွင်မှာ ပျော်ရှွင်အောင်လေ့လာပါ

တစ်ခါတစ်ရံမှာ ခံစားမှုတွေက အထီးကျန်အောင် လှည့်စားတတ်ပါတယ်။ ဒါက မသိစိတ်ရဲ့ လှုံဆော်မှုကြောင့်ပါ။ ဒီလိုဖြစ်ရင် အပေါင်းအသင်းမလိုဘူးလို့တောင် ခံယူတတ်လာပါတယ်။ အမှန်တော့ လုပ်ငန်းခွင်ဟာ စိတ်ဖိစီးမှုတွေရှိသလို ပျော်စရာတွေလည်း အများကြီးပါ။ ဒါကိုမြင်အောင် ကြည့်တတ်ရပါမယ်။လေ့လာစမ်းစစ်ချက်အရ တစ်ယောက်ထဲရှိချိန်ဟာ စိတ်အေးချမ်းသာမှုရှိတယ်ဆိုပေမယ့် အမြဲတမ်း တစ်ယောက်ထဲနေဖို့တော့ မသင့်ပါဘူး။ သူများနဲ့ပတ်သက်ပြီးရတဲ့ခံစားမှုကလည်း ကိုယ့်အတွက်ကောင်းတဲ့ စိတ်အပြောင်းအလဲတွေလည်း ရနိုင်ပါတယ်။…

၆။ ကိုယ့်အကြောင်းကြီးပဲ အမြဲမစဉ်းစားပါနဲ့စာအုပ်တွေ လုပ်နေကျအလုပ်တွေထဲက အသစ်တစ်ခုခု သင်ယူပေးပါ။

ဒါမှမဟုတ် တစ်ယောက်ယောက် အကြောင်းကို စဉ်းစားပေးနေရင် လူမှုဆက်ဆံရေးအတွက် အထောက်အပံ့ဖြစ်ပြီး ကိုယ်ရဲ့ အထီးကျန်ပြီး စိတ်ဓာတ်ကျတဲ့ခံစားချက်ကို မေ့ပျောက်သွားပါလိမ့်မယ်။…

၇။ ယောဂ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို အချိန်ယူပြီး လုပ်ပေးပါ

စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အပြောင်းအလဲဖြစ်အောင် လုပ်နေကျအလုပ်ကို ဆက်တိုက်မလုပ်ဘဲ အသစ်အဆန်း တစ်ခုခုလုပ်ပေးပါ။ အကောင်းဆုံးကတော့ ယောဂလေ့ကျင့်ခန်းဖြစ်ဖြစ် ကို်ယ်လက်လှုပ်ရှား တဲ့ လေ့ကျင့်ခန်းတစ်ခုခုဖြစ်ဖြစ် လုပ်ပေးပါ။

ယောဂလေ့ကျင့်ခန်းက စိတ်တည်ငြိမ်မှုရသလို ကိုယ်လက်လှုပ် ရှားလေ့ကျင့်ခန်းက အဆုတ်အားကောင်းပြီး အသက်ကောင်းကောင်းရှုလာနိုင်တာကြောင့် သိသိသာသာ စိတ်အပြောင်းအလဲ ဖြစ်လာပါလိမ့်မယ်။

ပတ်ဝန်းကျင်အသစ်မှာ ကျင်လည်ရတာကြောင့် အပေါင်းအသင်း အသစ်လည်း ရလာနိုင်ပြီး စိတ်ဓာတ်ကျပြီး အထီးကျန်တဲ့ ခံစားချက်ကို သိသိသာသာ ကုစားနိုင်ပါတယ်။

Writer & Translator : Cherry

Career

Leave a Reply

Your email address will not be published. Required fields are marked *