သန်းပေါင်းတစ်ထောင်ထဲကတစ်ယောက်

#POINT#PointYouthPlatform

နှစ်အတန်ကြာက ဒဲလတ်စ် မှ ထုတ်ပေးသော သတင်းစာထဲ၌ ရမ်းဘရန့်၏ ပန်းချီကား တစ်ချပ်ကို ဒေါ်လာတစ်သန်းကျော်နှင့် ရောင်းချကြောင်း တွေ့လိုက်ရသည်။ ထိုဆောင်းပါးကို ဖတ်သည့်အခါ ကျွန်တော့်စိတ်ထဲက ပိတ်ကားပေါ်မှာ စုတ်တံနှင့် ခြယ်သထားသော အရာတစ်ခုက ဘာဖြစ်လို့ ဒီလောက်ဈေးကြီးနေရတာလဲဟု တွေးမိသည်။ တကယ်တော့ သမိုင်းတစ်လျှောက် ရေးဆွဲခဲ့သော ပန်းချီကားပေါင်း သန်းတစ်ထောင်ခန့်တွင် ယခုလို ပန်းချီကားမှာ တစ်ချပ်သာရှိသည်။ထိုပန်းချီကားသည် ရမ်းဘရန့် ကိုယ်တိုင် ရေးဆွဲထားသော မူရင်းပန်းချီကားလည်း ဖြစ်သည်။ သူ၏ ရှားပါးမှုကြောင့် တန်ဖိုးရှိနေခြင်း ဖြစ်သည် ။ဒုတိယ အနေဖြင့် ရမ်းဘရန့်သည် ပါရမီရှင် တစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းတစ်ရာတွင် လူတစ်ယောက်သာ ရရှိတတ်သည့် ပါရမီ မျိုး ရှိနေခဲ့သည်။ထို့ကြောင့်ပင်လျှင် သူ့ပါရမီကို
ဤမျှ အသိအမှတ်ပြုနေခြင်းဖြစ်သည်။

ထို့နောက် ကျွန်တော်က ခင်ဗျား၏အကြောင်းကို ဆက်တွေးနေမိသည်။ သမိုင်းတစ်လျှောက် ဤ ကမ္ဘာမြေကြီးပေါ်၌ လူသန်းပေါင်းထောင်ပေါင်းများစွာ ရှိနေခဲ့ကြသည်။ သို့သော် ခင်ဗျားလို လူတစ်ယောက် ဟိုတုန်းကလည်း မရှိခဲ့ ။ ယခုလည်း မရှိ ။ ခင်ဗျားသည်လည်း ရှားပါးပြီး ကမ္ဘာပေါ်တွင် သူတစ်ပါးနှင့် လုံးဝမတူသော၊ ခြားနားသော သီးသန့် ပုဂ္ဂိုလ်တစ်ယောက် ပင်ဖြစ်သည်။ ဤအရည်အသွေးများကြောင့် ခင်ဗျားတန်ဖိုးရှိနေမည်။ ရမ်းဘရန့်သည် ပါရမီရှင် ဖြစ်သော်လည်း သူသေဆုံးသွားခဲ့ပြီ။ ရမ်းဘရန့် ကို ဖန်ဆင်းထားသည့် ဘုရားသခင်က ခင်ဗျားကိုလည်း ဖန်ဆင်းထားခြင်း ဖြစ်သည်။ ဘုရားသခင်က ရမ်းဘရန့် ကို လည်းကောင်း ခင်ဗျားကိုလည်းကောင်း ဖန်ဆင်းထားခြင်း ဖြစ်သည်။ ဘုရားသခင်က ရမ်းဘရန့် ကို လည်းကောင်း ၊ ခင်ဗျားကို လည်းကောင်း ၊တန်ဖိုးရှိသူများဖြစ်အောင် ဖန်ဆင်းထားခြင်း ဖြစ်သည်။ ရှားပါးသည့် ပါရမီအစွမ်းရှိသည့် ရမ်းဘရန့်သည် သူ၏ အစွမ်းအစကို နေ့စဉ်စုတ်တံကိုင်စွဲကာ အသုံးချခဲ့သည်။ အခြားလူသန်းပေါင်းများစွာတို့ကလည်း သူတို့ ၏ နယ်ပယ်အသီးသီးတွင် စုတ်တံကို လုံးဝမကိုင်မိခြင်း နှင့် ထိုင်ခုံက လုံးဝမထခြင်းများ ရှိခဲ့သည်။

ဤ အတွေးအခေါ်ကို ရှေ့တစ်လှမ်းလောက် နည်းနည်းစီတိုးအသုံးပြုကြည့်ပါ ။ တစ်မြို့လုံးတွငိ ခင်ဗျားတစ်ယောက်ထဲမှာသာ ကားတစ်စီးရှိခဲ့လျှင် ခင်ဗျားက ထိုကားကို ကားရုံထဲမှာ ချည်းသာသိမ်းမထား ခဲ့လျှင် ထိုကားသည် အတော်တန်ဖိုး ရှိပါသည်။ ထို့အတူပင် ခင်ဗျားလည်း မိမိ ၏ အစွမ်းအစများကို ယုံကြည်ပြီး အသုံးချပါ ။ ဘုရားသခင်က ခင်ဗျားကို ဖန်တီးထားခြင်းနှင့် ပါရမီတစ်ခုခု ပေးထားခြင်းသည် သေသည့်အခါ တွင် မြှပ်နှံပြစ်ရန် မဟုတ်ဘဲ အသုံးချရန်သာ ဖြစ်သည်ကို သတိရပါ။

ဒုတိယအကြောင်းတရားမှာ လူတော်တော်များများက သိပ္ပံဆိုင်ရာ ယုံကြည်မှု များကြသည်။ ထို့ကြောင့် လေ့လာ ဆန်းစစ်ကြည့်ကြပါစို့ ။ ခင်ဗျား ၏ နားထဲတွင် လူသားတို့ တီထွင်သမျှ အဆန်းကြယ်ဆုံး ကွန်ပျူတာများက သိမ်းဆည်းထားခြင်း မပြုနိုင်သည့် သတင်းစကားများ၊ အချက်အလက် များနှင့် အခြားသော အကြောင်းအရာများကို သိမ်းဆည်းထားနိုင်သည်၊။ ခင်ဗျား၏ စိတ်ထဲတွင် အမေရိကန်လွှတ်တော် စာကြည့်တိုက်မှာ စာအုပ် သန်းပေါင်းများစွာရှိသိမ်းဆည်းထားသည့် သတင်းအချက်အလက်တွေထက် ပိုပြီး သိမ်းဆည်းထားနိုင်သည်။ သိပ္ပံ ပညာရှင်များက လူတစ်ယောက်၏ ဦးနှောက်တုကို တီထွင်ဖန်တီးနိုင်ဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည်။ ထိုဦးနှောက်သည် အမေရိကန် နိုင်ငံရှိ အင်ပါယာစတိတ် အဆောက်အအုံထက် ကြီးပြီး မြို့ ကြီးထောင်ပေါင်းများစွာအတွက် သုံးစွဲနေရသော လျှပ်စစ်အင်အားထက်ပို၍ လိုမည် ဟုဆိုနိုင်သည်။ ထိုဦးနှောက်တည်ဆောက်နိုင်ရန် အတွက် ကမ္ဘာမှာ အတော်ဆုံး ပညာရှင်များ လိုမည်။ ထိုမျှကြီးမားပြီး စရိတ်စက ကုန်ကာ လျှပ်စစ်စွမ်းအားတွေ အများကြီး လိုအပ်ပါလျှက် လူလုပ်သည့် ဦးနှောက်တုသည် မည်သည့်အတွေးအခေါ် တစ်စိတ်တစ်ပိုင်းကိုမျှ ကိုယ်ပိုင်တွေးခေါ်ခြင်း မပြုလုပ်နိုင်ပေ ။ ခင်ဗျားက မျက်စိတစ်မှိတ်အတွင်းမှာ တွေးခေါ်လိုက်သည့် အတွေးအခေါ်မျိုးကို သူမတွေးနိုင်ပေ။

ခင်ဗျား၏ ထူးခြားသည့် စိတ်သည် စကားလုံးတစ်လုံးကို ရွတ်ဆိုလိုက်သည့် အခါ တွင် ကြွက်သားပေါင်း (၇၂) ခုကို တစ်ပြိုင်တည်း စုစည်းလှုပ်ရှားစေသည်။ ယခုအခါ ခင်ဗျားအနေနှင့် ကျွန်တော်ကို သော်လည်းကောင်း ၊ခင်ဗျားကိုသော်လည်းကောင်း၊ အခြားသူကိုလည်းကောင်း ထိပ်ဆုံးသို့ ဦးတည်သည့် လှေကားကို တတ်နိုင် စွမ်းရှိနေသည့် ထူးခြားသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်းကို ပြသနိုင်ပါသည်။

ကျွန်တော့်အနေနှင့် လောင်းရဲသည် မှာ ခင်ဗျားလောက် စွမ်းအားမရှိသည့် လူများသည်ပင်လျှင် ထိပ်ဆုံးသို့ ရောက်အောင်တတ်နိုင်သည့် အစွမ်းအစများ ရှိနေကြသည် မဟုတ်ပါလား။

*** Unicode ***

#POINT#PointYouthPlatform

နှစ်အတန်ကြာက ဒဲလတ်စ် မှ ထုတ်ပေးသော သတင်းစာထဲ၌ ရမ်းဘရန့်၏ ပန်းချီကား တစ်ချပ်ကို ဒေါ်လာတစ်သန်းကျော်နှင့် ရောင်းချကြောင်း တွေ့လိုက်ရသည်။ ထိုဆောင်းပါးကို ဖတ်သည့်အခါ ကျွန်တော့်စိတ်ထဲက ပိတ်ကားပေါ်မှာ စုတ်တံနှင့် ခြယ်သထားသော အရာတစ်ခုက ဘာဖြစ်လို့ ဒီလောက်ဈေးကြီးနေရတာလဲဟု တွေးမိသည်။

တကယ်တော့ သမိုင်းတစ်လျှောက် ရေးဆွဲခဲ့သော ပန်းချီကားပေါင်း သန်းတစ်ထောင်ခန့်တွင် ယခုလို ပန်းချီကားမှာ တစ်ချပ်သာရှိသည်။ထိုပန်းချီကားသည် ရမ်းဘရန့် ကိုယ်တိုင် ရေးဆွဲထားသော မူရင်းပန်းချီကားလည်း ဖြစ်သည်။ သူ၏ ရှားပါးမှုကြောင့် တန်ဖိုးရှိနေခြင်း ဖြစ်သည် ။

ဒုတိယ အနေဖြင့် ရမ်းဘရန့်သည် ပါရမီရှင် တစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းတစ်ရာတွင် လူတစ်ယောက်သာ ရရှိတတ်သည့် ပါရမီ မျိုး ရှိနေခဲ့သည်။ထို့ကြောင့်ပင်လျှင် သူ့ပါရမီကိုဤမျှ အသိအမှတ်ပြုနေခြင်းဖြစ်သည်။ထို့နောက် ကျွန်တော်က ခင်ဗျား၏အကြောင်းကို ဆက်တွေးနေမိသည်။

သမိုင်းတစ်လျှောက် ဤ ကမ္ဘာမြေကြီးပေါ်၌ လူသန်းပေါင်းထောင်ပေါင်းများစွာ ရှိနေခဲ့ကြသည်။ သို့သော် ခင်ဗျားလို လူတစ်ယောက် ဟိုတုန်းကလည်း မရှိခဲ့ ။ ယခုလည်း မရှိ ။ ခင်ဗျားသည်လည်း ရှားပါးပြီး ကမ္ဘာပေါ်တွင် သူတစ်ပါးနှင့် လုံးဝမတူသော၊ ခြားနားသော သီးသန့် ပုဂ္ဂိုလ်တစ်ယောက် ပင်ဖြစ်သည်။

ဤအရည်အသွေးများကြောင့် ခင်ဗျားတန်ဖိုးရှိနေမည်။ ရမ်းဘရန့်သည် ပါရမီရှင် ဖြစ်သော်လည်း သူသေဆုံးသွားခဲ့ပြီ။ ရမ်းဘရန့် ကို ဖန်ဆင်းထားသည့် ဘုရားသခင်က ခင်ဗျားကိုလည်း ဖန်ဆင်းထားခြင်း ဖြစ်သည်။ ဘုရားသခင်က ရမ်းဘရန့် ကို လည်းကောင်း ခင်ဗျားကိုလည်းကောင်း ဖန်ဆင်းထားခြင်း ဖြစ်သည်။

ဘုရားသခင်က ရမ်းဘရန့် ကို လည်းကောင်း ၊ ခင်ဗျားကို လည်းကောင်း ၊တန်ဖိုးရှိသူများဖြစ်အောင် ဖန်ဆင်းထားခြင်း ဖြစ်သည်။ ရှားပါးသည့် ပါရမီအစွမ်းရှိသည့် ရမ်းဘရန့်သည် သူ၏ အစွမ်းအစကို နေ့စဉ်စုတ်တံကိုင်စွဲကာ အသုံးချခဲ့သည်။ အခြားလူသန်းပေါင်းများစွာတို့ကလည်း သူတို့ ၏ နယ်ပယ်အသီးသီးတွင် စုတ်တံကို လုံးဝမကိုင်မိခြင်း နှင့် ထိုင်ခုံက လုံးဝမထခြင်းများ ရှိခဲ့သည်။

ဤ အတွေးအခေါ်ကို ရှေ့တစ်လှမ်းလောက် နည်းနည်းစီတိုးအသုံးပြုကြည့်ပါ ။ တစ်မြို့လုံးတွငိ ခင်ဗျားတစ်ယောက်ထဲမှာသာ ကားတစ်စီးရှိခဲ့လျှင် ခင်ဗျားက ထိုကားကို ကားရုံထဲမှာ ချည်းသာသိမ်းမထား ခဲ့လျှင် ထိုကားသည် အတော်တန်ဖိုး ရှိပါသည်။ ထို့အတူပင် ခင်ဗျားလည်း မိမိ ၏ အစွမ်းအစများကို ယုံကြည်ပြီး အသုံးချပါ ။

ဘုရားသခင်က ခင်ဗျားကို ဖန်တီးထားခြင်းနှင့် ပါရမီတစ်ခုခု ပေးထားခြင်းသည် သေသည့်အခါ တွင် မြှပ်နှံပြစ်ရန် မဟုတ်ဘဲ အသုံးချရန်သာ ဖြစ်သည်ကို သတိရပါ။ဒုတိယအကြောင်းတရားမှာ လူတော်တော်များများက သိပ္ပံဆိုင်ရာ ယုံကြည်မှု များကြသည်။ ထို့ကြောင့် လေ့လာ ဆန်းစစ်ကြည့်ကြပါစို့ ။

ခင်ဗျား ၏ နားထဲတွင် လူသားတို့ တီထွင်သမျှ အဆန်းကြယ်ဆုံး ကွန်ပျူတာများက သိမ်းဆည်းထားခြင်း မပြုနိုင်သည့် သတင်းစကားများ၊ အချက်အလက် များနှင့် အခြားသော အကြောင်းအရာများကို သိမ်းဆည်းထားနိုင်သည်၊။ ခင်ဗျား၏ စိတ်ထဲတွင် အမေရိကန်လှွတ်တော် စာကြည့်တိုက်မှာ စာအုပ် သန်းပေါင်းများစွာရှိသိမ်းဆည်းထားသည့် သတင်းအချက်အလက်တွေထက် ပိုပြီး သိမ်းဆည်းထားနိုင်သည်။

သိပ္ပံ ပညာရှင်များက လူတစ်ယောက်၏ ဦးနှောက်တုကို တီထွင်ဖန်တီးနိုင်ဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည်။ ထိုဦးနှောက်သည် အမေရိကန် နိုင်ငံရှိ အင်ပါယာစတိတ် အဆောက်အအုံထက် ကြီးပြီး မြို့ ကြီးထောင်ပေါင်းများစွာအတွက် သုံးစွဲနေရသော လျှပ်စစ်အင်အားထက်ပို၍ လိုမည် ဟုဆိုနိုင်သည်။

ထိုဦးနှောက်တည်ဆောက်နိုင်ရန် အတွက် ကမ္ဘာမှာ အတော်ဆုံး ပညာရှင်များ လိုမည်။ ထိုမျှကြီးမားပြီး စရိတ်စက ကုန်ကာ လျှပ်စစ်စွမ်းအားတွေ အများကြီး လိုအပ်ပါလျှက် လူလုပ်သည့် ဦးနှောက်တုသည် မည်သည့်အတွေးအခေါ် တစ်စိတ်တစ်ပိုင်းကိုမျှ ကိုယ်ပိုင်တွေးခေါ်ခြင်း မပြုလုပ်နိုင်ပေ ။ ခင်ဗျားက မျက်စိတစ်မှိတ်အတွင်းမှာ တွေးခေါ်လိုက်သည့် အတွေးအခေါ်မျိုးကို သူမတွေးနိုင်ပေ။

ခင်ဗျား၏ ထူးခြားသည့် စိတ်သည် စကားလုံးတစ်လုံးကို ရွတ်ဆိုလိုက်သည့် အခါ တွင် ကြွက်သားပေါင်း (၇၂) ခုကို တစ်ပြိုင်တည်း စုစည်းလှုပ်ရှားစေသည်။

ယခုအခါ ခင်ဗျားအနေနှင့် ကျွန်တော်ကို သော်လည်းကောင်း ၊ခင်ဗျားကိုသော်လည်းကောင်း၊ အခြားသူကိုလည်းကောင်း ထိပ်ဆုံးသို့ ဦးတည်သည့် လှေကားကို တတ်နိုင် စွမ်းရှိနေသည့် ထူးခြားသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်းကို ပြသနိုင်ပါသည်။

ကျွန်တော့်အနေနှင့် လောင်းရဲသည် မှာ ခင်ဗျားလောက် စွမ်းအားမရှိသည့် လူများသည်ပင်လျှင် ထိပ်ဆုံးသို့ ရောက်အောင်တတ်နိုင်သည့် အစွမ်းအစများ ရှိနေကြသည် မဟုတ်ပါလား။

Career

Leave a Reply

Your email address will not be published. Required fields are marked *