လူအများကြား စကားပြောကောင်းစေဖို့ အကြံပေးချက် (၁၀) ချက်

#POINT #PointYouthPlatform

သင့်ရဲ့ စိုးရိမ်မှုကို လျော့ချစေပြီး ကိုယ်နေဟန်ထားကောင်းကောင်းနဲ့ စကားပြော တင်ဆက်နိုင်ဖို့ လူထုကြားမှာ စကားပြောကောင်းသူတစ်ဦးဖြစ်စေမယ့် နည်းလမ်းလေးတွေကို POINT က ရွေးချယ်ဖော်ပြပေးမှာပါ။
(၁) စိတ်လှုပ်ရှားတာက သာမန်ပါပဲ။ လေ့ကျင့်ပါ၊ ပြင်ဆင်ပါ။
လူကြားထဲ စကားပြောရတဲ့အခါ၊ လူတိုင်းလိုလို နှလုံးခုန်မြန်တာ၊ လက်တွေ တုန်ယင်တာမျိုး ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေ ခံစားရတတ်ပါတယ်။ ဒီခံစားချက်နဲ့ သင့်ရဲ့ တင်ပြမှု နဲ့က မပတ်သက်ပါဘူး။ သွားမရောလိုက်ပါနဲ့။ ကိုယ့်ကိုယ်ကို မလှည့်စားမိစေပါနဲ့။ တချို့ စိုးရိမ်မှုတွေက ကောင်းပါတယ်။ သင့်ကို ချွေးထွက်စေတဲ့ အဒရီနလင် (adrenaline)က သင့်ကို ပိုပြီး တက်ကြွအောင်၊ အကောင်းဆုံး တင်ဆက်နိုင်ဖို့ အဆင့်သင့်ဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။
စိုးရိမ်မှုကို ကျော်လွှားနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ကြိုတင်ပြင်ဆင်တာပဲ ဖြစ်ပါတယ်။ ကိုယ်ရဲ့ မှတ်စုကို အကြိမ်များများ သေချာကြည့်ဖို့ အချိန်ပေးပါ။ အချက်အလက် ကုန်ကြမ်းတွေ အဆင်ပြေတာနဲ့ တစ်ပြိုင်တည်း၊ များများ လေ့ကျင့်ပါ။ ကိုယ့်ကိုယ်ကို ဗီဒီယို ရိုက်ထားပါ။ ဒါမှမဟုတ် ကိုယ့်ရဲ့ တင်ဆက်မှုကို ဝေဖန်အကြံပေးဖို့ သူငယ်ချင်းရှိပါစေ။
(၂) ကိုယ့်ပရိသတ်ကို သိပါစေ။
သင်ပြောချင်တာကို သေချာမပြင်ဆင်ခင်၊ ဘယ်သူတွေအတွက် ရည်ရွယ်ပြီး ပြောဆိုမှာလဲ ဆိုတာ စဉ်းစားပါ။ တတ်နိုင်သလောက် သင့်ပရိသတ်အကြောင်း များများ လေ့လာပါ။ ဒါက စကားလုံး ရွေးချယ်မှု၊ သတင်းအချက်လက်၊ အဖွဲ့အစည်း ပုံစံနဲ့ စိတ်အားတက်စေတဲ့ အဆိုအမိန့် တွေကို ဆုံးဖြတ်နိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
(၃) ကိုယ့်ရည်ရွယ်ချက်ကို အောင်မြင်နိုင်မယ့် အချက်အလက်ကို စုစည်းပါ။
သင်ပြောမယ့်အကြောင်းအရာအတွက် ဘောင်သတ်မှတ်ပါ။ ခေါင်းစဉ်၊ ရိုးရိုး ရည်ရွယ်ချက်၊ တိကျတဲ့ ရည်ရွယ်ချက်၊ အဓိက အကြောင်းအရာနဲ့ အချက်တွေကို ချရေးပါ။ စက္ကန့်သုံးဆယ်အတွင်း သင့်ပရိသတ်ရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်မယ့် အရာဖြစ်ပါစေ။
(၄) တုံ့ပြန်မှုကို ကြည့်ပါ၊ မီးစင်ကြည့်က တတ်ပါစေ။
ပရိသတ်ကို အာရုံစိုက်ပါ။ သူတို့ရဲ့ တုံ့ပြန်မှုကို ချိန်ဆပြီး၊ ကိုယ့်ရဲ့ အာဘော်ကို ညှိယူပါ။ လိုက်လျောညီထွေ ရှိပါစေ။ အသင့်ကူးရေးထားတဲ့ မိန့်ခွန်းတွေကို ပြောဆိုတာက ကိုယ့်ကိုယ်အမြဲအားပေးတဲ့ နားထောင်သူတွေကိုတောင်မှ စိတ်ဝင်စားမှု လျှော့ကြစေပါတယ်။


(၅) ကိုယ်ပိုင်အရည်အသွေးက လာပါစေ။
ဘယ်ပေါင်းသင်းဆက်ဆံရေးမှာမဆို စကားပြောနေတဲ့ ခေါင်းပဲမဖြစ်ပါစေနဲ့။ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကတစ်ဆင့် ပိုကောင်းအောင် လုပ်ဆောင်ပြနိုင်ရင်၊ ဒါ့အပြင် သင့်ပရိသတ်က သင့်ကို စစ်မှန်တဲ့လူတစ်ယောက်အဖြစ် မြင်မယ်ဆိုရင်၊ သင်ပြောတဲ့အကြောင်းရာတွေကိုလည်း ယုံကြည်ပေးပါလိမ့်မယ်။
(၆) ဟာသဉာဏ်ရှိပါစေ၊ ဇာတ်လမ်းတွေ ထည့်ပြောပါ၊ အကျိုးရှိတဲ့ ဘာသာစကားကို အသုံးပြုပါ။
သင့်ရဲ တင်ပြမှုမှာ ရယ်စရာ ဖြစ်ရပ်လေးတွေ ထည့်သွင်းပြောဆိုတာက ပရိသတ်ရဲ့ အလေးထားမှုကို သေချာပေါက် ဖမ်းစားနိုင်ပါလိမ့်မယ်။ ပရိသတ်တွေက မိန့်ခွန်းမှာ ကိုယ်အတွေ့အကြုံကို မျှဝေတာ သဘောကျကြပါတယ်။ ဇာတ်လမ်းတစ်ပုဒ်လောက် ထည့်ပြောနိုင်ပါတယ်။
(၇) ဖတ်ဖို့မရှိရင်၊ မဖတ်ပါနဲ့။ အကြမ်းဖျင်းဖော်ပြပါ။
ဇာတ်ညွှန်းတစ်ပုဒ်ကို ဖတ်တာ (သို့) လူတွေနဲ့ ချိတ်ဆက်မှုလုပ် ပြောဆိုတာမျိုးလုပ်ပါ။ ပရိသတ်နဲ့ မျက်လုံးချင်း တွေ့ဆုံပါစေ။ ကိုယ်ပေးချင်တဲ့ မှာကြားချက်မှာ အာရုံစိုက်ပါ။ အကြမ်းဖျင်း ရေးထားတာက ကိုယ်ပြောမယ့်အကြောင်းအရာကို ပြန်လည်မှတ်မိစေနိုင်ကာ၊ ခေါင်းစဉ်ကနေ လွတ်ထွက်မသွားနိုုင်တော့ပါဘူး။
(၈) အသံနဲ့ လက်တွေကို ထိထိရောက်ရောက် သုံးပါ။ တုန်ရီနေတာမျိုး မဖြစ်ပါစေနဲ့။
နှုတ်နဲ့ မဟုတ်တဲ့ ဆက်သွယ်ရေးက အကြောင်းအရာအများစုကို ပြောပေးပါတယ်။ ကောင်းမွန်တဲ့ ပို့ချပြောဆိုဟန်က အာရုံစူးစိုက်မှု လို့ မခေါ်ပါဘူး။ ဒါပေမယ့် ဟောပြောသူရဲ့ စိတ်ကူးတွေကို ရှင်းရှင်းလင်လင်းနဲ့ အနှောင့်အယှက်မရှိဘဲ သိရှိစေပါတယ်။
(၉) အစမှာ ပရိသတ်ရဲ့အာရုံကို ဆွဲယူပြီး၊ တက်ကြွတဲ့အဆုံးသတ်နဲ့ ပိတ်ပါ။
“ကျွန်တော် ဒီနေ့ ပြောမှာကတော့…..” ယင်းနဲ့ စတင်တဲ့ စကားပြောတွေ ကြားရတာကို နှစ်သက်ပါသလား။ လူအများစုကတော့ မကြိုက်ကြပါဘူး။ အဲ့ဒိအစား၊ အံသြသွားနိုင်တဲ့ ကိန်းဂဏန်း အချက်အလက်တွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ရယ်စရာဖြစ်ရပ်တွေ ၊ ဒါမှမဟုတ် လိုရှင်းတိုရှင်း အဆိုအမိန့်တွေ အသုံးပြုနိုင်ပါတယ်။ အကျဉ်းချုပ်ပြောဆိုပြီး ကိ်ုယ့်ရဲ့ စကားပြောကို အဆုံးသတ်ပါ။ သင့်ပရိသတ်မှတ်မိနိုင်လောက်တဲ့ ထိရောက်တဲ့ ဖော်ပြချက်နဲ့ အနှစ်ချုပ်ပြောကြားပါ။
(၁၀) ရုပ်သံ အထောက်အကူပြု ပစ္စည်းတွေ အသုံးပြုပါ။
ကိုယ့်ပရိသတ်နဲ့ တိုက်ရိုက်ဆက်သွယ်မှုကို ခဏအနားယူနိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် သူတို့ကို ချွေချွေတာတာ အသုံးပြုပါ။ ယင်းတို့က သင့်ပြောမယ့်အကြောင်းရာကို တိုးတက်စေပြီး ရှင်းလင်းစေတဲ့အရာ ဖြစ်သင့်ပါတယ်။ ဒါမှမဟုတ် ပရိသတ်ရဲ့ အာရုံကို သိမ်းပိုက်ပြီး ထိန်းထားမျိုး ဖြစ်ရပါမယ်။
လေ့ကျင့်မှုတခုတည်းနဲ့ မပြည့်စုံနိုင်ပါဘူး။
ကောင်းမွန်တဲ့ ဆက်သွယ်မှုက ဘယ်တော့မှ မပြီးပြည့်စုံနိုင်ပါဘူး။ ပြီးတော့ ဘယ်သူမှ သင့်ကို ပြီးပြည့်စုံဖို့ မမျှော်လင့်ထားပါဘူး။
ဒါပေမယ့် ပြင်ဆင်ချိန် ထည့်ထားတာက လူထုကြားမှာ စကားပြောကောင်းသူတစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။ သင့်စိုးရိမ်မှုတွေကို လုံးဝဖယ်ရှားပစ်လို့ မရနိုင်ပေမယ့် လျော့ကျစေနိုင်ပါတယ်။

Translator : Hsu Mi San

Career

Leave a Reply

Your email address will not be published. Required fields are marked *