လက်လျှော့မယ်ဆို ဘာကြောင့် နောက်တစ်ကြိမ်ထပ်စဉ်းစားဖို့ လိုတာလဲ

#POINT #PointYouthPlatform

စွမ်းအားက သင့်စိတ်ထားပေါ်မှာ မူတည်နေပြီး အခက်အခဲတွေနဲ့ တွေ့တဲ့အခါမှာ ကိုယ်လိုအပ်တဲ့ စိ်တ်အားထက်သန်မှုကို ပြောင်းရွှေ့တာက အဓိကအချက်ပါပဲ။ ဒါက လက်လျှော့ခြင်းနဲ့ အရှုံးပေးခြင်းက ဘာကြောင့်အရေးကြီးလဲ ဆိုတာ နားလည်ရပါမယ်။
လက်ရှိအချိန်မှာ ချလိ်ုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် နောင်အနာဂတ်မှာ နောင်တရမယ့် အခွင့်ရေးမျိုး ကိုယ့်ကိုယ်ကို မပေးပါနဲ့။
သင့်ဘဝမှာ ခက်ခဲတဲ့ ရွေးချယ်မှုတွေ အမှန်တကယ် ရင်ဆိုင်ရတဲ့အခါ၊ ဆောင်ရွက်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အကြံပေးချက်တွေကို အောက်မှာဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) သင့်မှာမရှိတဲ့အရာကို ဖော်ထုတ်ပါ။
သင့်မှာ ဘယ်လိုစိန်ခေါ်မှုမျိုးနဲ့ ရင်ဆိုင်နေရပါစေ ကိစ္စမရှိပါဘူး။ သင့်ကို စိန်ခေါ်မှုတွေ ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု ရှိလို့ပါပဲ။ တကယ်လို့ အဲ့ဒါက အလုပ်တစ်ခုဆိုရင်၊ သင်ဘာလို့ မငှားရမ်းခံရတာလဲ။ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ စာရင်းပါတဲ့ အလုပ်ကို ပြန်သွားပါ။ သင့်အလုပ်လျှောက်လွှာမှာမရှိတဲ့ အဓိကအက်ကြောင်းကို ရှာဖွေပါ။ ဒါက စာရင်းထဲမှာ မရှိပါဘူး၊ သင့်မှာ မရှိလို့ပါ။ ဒါဆို အဲ့ဒိကျွမ်းကျင်မှုကို ဖြစ်စေတဲ့ တစ်ခုခုကို လုပ်ဆောင်ရပါတော့မယ်။ အွန်လိုင်းသင်တန်းတစ်ခုဖြစ်စေ၊ အပျော်တမ်းစီမံကိန်းတစ်ခုဖြစ်စေ၊ ” ပြီးပြည့်စုံတဲ့ ဝန်ထမ်း” အဖြစ် နီးကပ်စေနိုင်တဲ့ တစ်ခုခုကို ပြုလုပ်ပါ။
(၂) မိမိကိုယ်ကို စိတ်ရှည်ပါ။
နေ့ချင်းညချင်း CEOတစ်ယောက် ဘယ်သူမှ ဖြစ်မလာပါဘူး။ တကယ်လို့သင့်မှာ ကြီးမားတဲ့ အိပ်မက်တွေရှိရင်၊ သူတို့ကို ပြီးမြောက်အောင်လုပ်ဖို့ အလုပ်ကြီးကြီးလုပ်ရပါမယ်။ အကျိုးအမြတ်ရနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို ရှာဖွေဖို့ အချိန်ယူရပါမယ်။ ဒါပေမယ့် ဒါက စိန်ခေါ်မှုဖြစ်တာကြောင့် ထွက်ပြေးဖို့တော့ မသင့်ပါဘူး။

(၃) သေးငယ်တဲ့ အောင်မြင်တိုင်းအတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ပါစေ။
ရက်ပေါင်းများစွာကြာအောင် အသေးအဖွဲအမှားလေးက သင့်ကို သောကရောက်စေနိုင်တာ သင်သတိထားပါသလား။ ကျွန်တော်တို့က အပြစ်တစ်ခုခု တွေ့လာတဲ့အခါ ကိုယ့်ကိုယ့်ကို အရင်ဆုံး အပြစ်တင်တတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပန်းတိုင်တွေကို အောင်မြင်မှု ရတဲ့အခါမှာတော့ ကျွန်တော်တို့ကိုယ်ကို လေးစားမှုပေးဖို့ ကျော်သွားတတ်ကြပါတယ်။
သေးငယ်တဲ့ အောင်မြင်မှုတွေအတွက် အသိအမှတ်ပြုဖို့ ပျက်ကွက်ကြတဲ့အခါ၊ စိတ်အားတက်မှု လျော့ကျလာပြီး၊ ကြီးမားတဲ့ ပန်းတိုင်တွေကို အောင်မြင်ဖို့ ပိုပြီးတောင် ခက်ခဲတတ်လာပါတယ်။
(၅) သင်တစ်ယောက်တည်း ပထမဆုံး ဒီလိုမျိုး ခံစားဖူးတာ မဟုတ်ဘူးဆိုတာ သတိရပါ။
ကျွန်တော်တို့ ဘဝမှာ ခက်ခဲတဲ့ရွေးချယ်မှုတွေ၊ အဖြစ်အပျက်တွေ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်တော်တို့ တစ်ယောက်တည်း ပထမဆုံး တွေ့ကြုံရတာမဟုတ်တာကို မကြာခဏ မေ့နေတတ်ကြပါတယ်။ လူတိုင်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ဖြေရှင်းရပါတယ်။ ရည်းစားနဲ့ အဆက်အသွယ်ဖြတ်ဖို့၊ အလုပ်အကိုင် ပြောင်းလဲဖို့၊ မတူညီတဲ့ နေရာတစ်ခုကို ရွှေ့ပြောင်းပြီး သူငယ်ချင်းတွေကို နောက်မှာ ထားခဲ့ဖို့ စသဖြင့်ပေါ့။ ကျွန်တော်တို့ အားလုံး ဒါကို ဖြတ်ကျော်ရပါတယ်။
ဒါကြောင့် သင့်သူငယ်ချင်းတွေ၊ မိသားစုတွေကို တီးခေါက်မေးမြန်းဖို့ မကြောက်ပါနဲ့။ တစ်ချို့ကိစ္စရပ်တွေမှာ၊ သင်အရင်က မစဉ်းစားဘူးတဲ့ အတွေးတွေကို သူတို့က အကြံဉာဏ်တောင် ပေးကမ်းနိုင်ပါသေးတယ်။
(၅) ဒါကို ဖြတ်ကျော်ပြီးမှပဲ သင်ကြီးပြင်းလာနိုင်တယ်ဆိုတာ သိပါ။
ခက်ခဲတဲ့ အချိန်တွေကို ဖြတ်ကျော်ပြီးမှ အရည်အချင်းကို တည်ဆောက်ကြတာပါ။ ဖန်တရာတေနေတဲ့ စကားကတော့ ” ငါ့ကို ပိုသန်မာအောင် ဘာလို့ မသတ်သွားတာလဲ” က အမှန်ပါပဲ။ သင်က စိန်ခေါ်မှုကို ဖြတ်ကျော်နေရတဲ့အခါ၊ ရလဒ်ကို ဂရုမထားဘဲ အဲ့ဒိကနေ သင်ခန်းစာယူရပါမယ်။ လေ့လာခြင်းနဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေဖို့ အတွက် အခွင့်အရေးတွေကို အသိအမှတ်ပြုရပါမယ်။
(၆) သင့်မှာရှိတဲ့ ရွေးချယ်ခွင့်တွေကို သတိရပါ။
ဘယ်လောက်ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါစေ၊ သင်အာရုံစိုက်ရမယ့် အကောင်းဆုံးအရာတွေထဲက တစ်ခုကတော့ သင့်မှာရှိတဲ့ ရွေးချယ်ခွင့်တွေပါပဲ။ တစ်ခုခုကို သင်ဘယ်လိုကိုင်တွယ်မလဲ သင်သာဆုံးဖြတ်နိုင်ပါတယ်။ ဒါ့အပြင် နောက်တစ်ဆင့် ဘယ်လိုဆောင်ရွက်မလဲဆိုတာ သင်သာ ဆုံးဖြတ်နိုင်ပါတယ်။
သင့်ကိုယ်ပိုင်လမ်းမှာ မတ်တပ်ရပ်ဖို့နဲ့ လမ်းက ထွက်သွားဖို့ သင့်မှာ စွမ်းအားရှိပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ခွန်အားရှိအောင် နေထိုင်ဖို့ ရွေးချယ်ပြီး စိတ်အားတက်အောင် နေထိုင်ပါ။
အခက်အခဲတွေကို သင်ခန်းစာအဖြစ် မြင်နိုင်ဖို့ ရွေးချယ်ပါ။ “ဒါက ဘာကို ဖော်ပြနေတာလဲ” ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ ဒါက သင့်အတွက် ဘာယူလာမှာလဲ။ တစ်ချို့ကိစ္စရပ်တွေမှာ သင်အရင် ထည့်မစဉ်းမိတဲ့ ဦးတည်ချက်တွေကို ညွှန်ပြနိုင်တဲ့အရာ ရှိပါတယ်။ ဒါကို ယုံကြည်ပြီး၊ ဆက်သွားပါ။
ကြီးကြယ်မြင့်မြတ်တဲ့အရာတွေက ဘယ်တော့မှ လွယ်လွယ်နဲ့ မလာပါဘူး။ ခက်ခဲတဲ့ အချိန်တွေက သင့်လမ်းကြောင်းမှာ ရပ်တန့်နေတဲ့အခါ၊ ဖြတ်သန်းသွားနိုင်တဲ့ လမ်းတစ်ခု သင်လိုအပ်ပါတယ်။ သင့်စိတ်အားတက်မှုကို အမှန်တကယ် ဖျက်ဆီးနေတဲ့အရာတွေကို လေ့လာပြီး၊ နားလည်ပါ။ ကိုယ့်စိတ်ထားကို ညှိယူပါ။ စိန်ခေါ်မှုတွေကို ကိုင်တွယ်နိုင်ဖို့ သင်ယူပါ။ ထက်မြက်ပြီး အောင်မြင်တဲ့ သူတစ်ယောက် အဖြစ် တစ်ခြားဖက်ကနေ သင်ဖြစ်လာပါလိမ့်မယ်။

Translator : Hsu Mi San

Career

Leave a Reply

Your email address will not be published. Required fields are marked *