မင်းနဲ့ ကိုက်ညီတဲ့ သင်ယူနည်းတွေနဲ့ လေ့လာပါ

#POINT #PointYouthPlatform

ကျွန်တော်တို့ရဲ့သင်ယူတဲ့စတိုင်တွေသိထားတာက ပိုဖွံ့ဖြိုးလာအောင်လုပ်တဲ့လမ်းကြောင်းမှာ ကသိကအောက်ဖြစ်စေနိုင်တဲ့အရာအချို့ကို ပြေပျောက်စေအောင် ကူညီပေးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဖန်တီးချင်တာက ပြောင်းပြန်အစီအစဉ်တစ်ခုပါ။
မင်းရဲ့ဆုံးမှတ်ကို ရွေးချယ်လိုက်ပါ။ ကြီးပြင်းလာဖို့အတွက် လိုအပ်တဲ့ အဆင့်တွေကို နောက်ပြန်ရေးဆွဲထားပါ။ တစ်ဆင့်ချင်းစီမှာ သင်ယူမယ့်စတိုင်တွေပါဝင်ပါတယ်။ ပြီးတော့ မင်းခံစားရတဲ့ နည်းလမ်းတွေက သက်တောင့်သက်သာဖြစ်စေမှုနဲ့ နာကျင်မှုတို့ကြားက မင်းကိုင်တွယ်ဖြေရှင်းနိုင်လောက်တဲ့ အကောင်းဆုံး ဟန်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။
တစ်ခါတလေမှာ စကိတ်ကွင်းရဲ့ဘေးကလူတွေကိုကြည့်ရင်း ဘေးဘက်ခြမ်းမှာ ရပ်နေရင်းကနေ စကိတ်ဘယ်လိုစီးရမလဲဆိုတာကို မင်းသင်ယူနိုင်ပါတယ်။ မင်းက တစ်ချိန်ချိန်မှာတော့ မင်းရဲ့ဆွဲအားနဲ့ ဟန်ချက်ရဲ့ ဗဟိုကို သိနိုင်စေဖို့ ရေခဲပေါ်မှာ သွားကြည့်ရမှာပဲလေ။ ပိတ်ရက်တွေမှာ ဆွေးနွေးပွဲတွေမှာ ပြောဆိုသူက သူတို့ကို ခြောက်လအတွင်းမှာ ဝင်ငွေလေးဆကနေ ခြောက်ဆလောက်အထိ ဘယ်လိုပြောင်းလဲလုပ်ရမယ်ဆိုတာကို ပြောပြီးတဲ့နောက်မှာ ပြောတာကိုနားထောင်ရင်းနဲ့ ဒီလိုပဲသင်ယူကြရတာပါ။
နားထောင်ကြည့်ရှုရင်းဖတ်တာက ကောင်းပါတယ်။ ဒါပေမယ့် အပြုအမူတွေပြောင်းလဲပြီး လုပ်ဆောင်ချက်တွေကို တကယ်မလုပ်ခင်အထိ ဘာမှမပြောင်းလဲပါဘူး။ သင်ယူမှုစတိုင်နဲ့ လုပ်ငန်းအောင်မြင်မှုတို့ကြားက အဓိကဆက်သွယ်ချက်က မင်းဘာကိုသဘောကျလဲဆိုတာကို သိဖို့နဲ့ မင်းဘာတွေလုပ်နေလဲဆိုတာကိုသိဖို့ရယ် မှန်ကန်တဲ့လမ်းကြောင်းကိုရွေးချယ်ဖို့ရယ်နဲ့ သူတို့ကို မှန်ကန်တဲ့အချိန်မှာ သက်ရောက်စေနိုင်ဖို့ ပေါင်းစပ်ထားတဲ့ သော့ချက်တစ်ခုဖြစ်ပါတယ်။
ဖောက်သည်ရဲ့စိတ်ကို လွွှမ်းမိုးနိုင်စေဖို့ ကုမ္ပဏီကလုပ်ဆောင်တဲ့အခါမှာ မင်းကအတော်ဆုံးလူဆိုတာကို ဖော်ပြနိုင်စေဖို့ ဘယ်သင်ယူခြင်းစတိုင်တွေက မင်းကိုကူညီပေးနိုင်မလဲ။ မင်းမှာ အောက်ဖော်ပြပါရွေးချယ်စရာတွေရှိနေပါတယ်။


၁။ သူငယ်ချင်းအုပ်စုတွေကြားမှာ အချိန်တိုအတွင်း ထိထိရောက်ရောက်ပြောနိုင်စေဖို့ အပြောအဆို လေ့ကျင့်ပါ။

လူအုပ်စုရှေ့မှာ ထွက်ပြီးစကားပြောတာထက် ညစာအတွက် ခွေးစာတွေကို စားလိုက်တာက ပိုကောင်းလိမ့်မယ်လို့ ထင်နေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးလုပ်ဆောင်တာက အနီးစပ်ဆုံးသော အချိန်တိုအတွင်းထိရောက်စွာ ပြောဆိုနိုင်မယ့် အခြေအနေပါပဲ။

၂။ မင်းရဲ့ခွေးလေးရှေ့မှာ အဲ့လိုပြောဆိုမှုကို လေ့ကျင့်ကြည့်ပါ။

မင်းဘယ်လိုပြောပြော သူကတော့ မင်းကိုသဘောကျနေမှာပါပဲ။ သူ့ညစာကို မင်းမစားတဲ့အတွက် သူကပိုပြီးတောင် ပျော်နေမှာပါ။


၃။ လုပ်ငန်းမှာအောင်မြင်နေတဲ့မန်နေဂျာတွေ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ဒီပြောဆိုမှုကို လေ့ကျင့်ပါ။

မင်းကိုစိတ်ထိခိုက်စေမယ့် အထောက်အကူဖြစ်မယ့် အကြံပေးချက်တွေ လာမှာဖြစ်တဲ့အတွက် Wonder Woman တို့ Captain America တို့ကို မင်းကို ကာကွယ်ခိုင်းဖို့ အသင့်ပြင်ထားပါ။
၄။ ထိရောက်တဲ့ပြောဆိုမှုကို လုပ်နိုင်စေဖို့ နည်းလမ်းအကြောင်းပါတဲ့စာအုပ်တွေ ဝယ်ပြီး စာဖတ်ပါ။


၅။ ထိရောက်တဲ့ပြောဆိုမှုတစ်ခုကို ဘယ်လိုလုပ်ရမလဲဆိုတာကို YouTube ဗီဒီယိုတွေကို ကြည့်ပါ။
မှန်ကန်တဲ့ပေါင်းစပ်မှုက အဓိကသော့ချက်ပါ။ အံဝင်ခွင်ကျဖြစ်စေမယ့် သင်ယူမှုစတိုင် နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ စတိုင်တွေကြားက မှန်ကန်တဲ့ပေါင်းစပ်မှုကို ရွေးချယ်လိုက်တာက မင်းရည်ရွယ်ထားတဲ့ ပန်းတိုင်ကို ပိုနီးကပ်လာစေအောင် တွန်းပို့ပေးနိုင်ပါတယ်။

Translator : Hsu Mi San

Career

Leave a Reply

Your email address will not be published. Required fields are marked *