စိတ်ဓာတ်တက်မြှင့်တင်ဖို့ စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်း (၇)ခု

#POINTYouthPlatform #POINT

အလုပ်အဆင်မပြေမှူတွေ၊ ဝမ်းနည်းမှူတွေ၊ ပင်ပန်းမှုတွေနဲ့ နေ့စဉ်ဖြတ်သန်းနေရပြီး အဲ့ဒိပင်ပန်းတဲ့အတွေးတွေနဲ့ပဲ နေထိုင်နေရတဲ့အခါ ကျနော်တို့မှာ လုပ်ဆောင်နိုင်စွမ်းတွေ မရှိကြတော့ပါဘူး။ အဲ့ဒိလို လုပ်ငန်းခွင်မှာ၊ မိသားစုအရေးနဲ့ ပတ်သက်တာ စတဲ့ အဆင်မပြေမှုတွေ၊ စိတ်ဖိစီးမှုတွေ ရှိနေရင် အဲ့ဒိအခြေအနေကနေ ရုန်းထွက်နိုင်မယ့် စိတ်ဓာတ်စစ်ဆင်ရေးနည်းဗျူဟာအချို့ကို POINT ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ရေရှည်စီမံကိန်းသာမက ရေတိုစီမံကိန်းထားပြီး လုပ်ဆောင်ပါ။

ကျနော်တို့တွေက အနာဂတ်ရည်မှန်းချက်အတွက် ကာလရှည်ကြာလုပ်ဆောင်ဖို့ အရင်ဆုံးမြင်ယောင် ကြည့်ပါ။ တာဝန်တစ်ခုတစ်တည်းကိုပဲ တဟုန်ထိုးလုပ်မဲ့အစား နောက်ဆုံးပိတ်ပန်းတိုင်အတွက် အဆင့် သေးသေးလေးကနေ စပြီးလုပ်ဆောင်ကြည့်ပါ။ သင့်ပန်းတိုင်အတွက် အစွမ်းသတ္တိတွေ ရလာပါ လိမ့်မယ်။

၂။ကိုယ့်ကိုယ်ကိုတွန်းအားပေးပါ။

ဘယ်အချိန်မဆို အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးပါ။ အဲဒီလုပ်ခြင်းအားဖြင့် အခက်အခဲတွေ ရင်ဆိုင်ဖို့ လွယ်ကူစေပါလိမ့်မယ်။

၃။သတ်မှတ်ချိန်အတွင်း ပြီးအောင် ဆောင်ရွက်ပါ။

သင်ဆက်လုပ်ရမယ့်အလုပ်တွေအတွက် သင်သတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးအောင် ကိုယ့်ဘာသာကိုယ် တွန်းအားပေးပါ။

၄။ရင်းနှီးသူတွေကို သင်ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို မျှဝေပါ။

သင့်မှာ လုပ်စရာအစီစဉ်ကြီးတစ်ခုရှိရင် သင်နဲ့ရင်းနှီးတိဲ့သူကို သင်ဘာတွေ သိထားလည်း ဘာတွေ ဖြစ်ဖြစ်မြောက်မြောက် လုပ်ခဲ့လည်းဆိုတာကို ပြန်လည်ပြောပြခြင်းဖြင့် စိတ်ဓာတ်တက်ကြွအောင် လုပ်ပါ။

၅။စိတ်ထဲမှာ ပြန်တွေးလျှင်လည်း အကောင်းဘက်ကိုသာ တွေးပါ။

တစ်နေ့တာလုံးကြုံခဲ့ရတဲ့ အဖြစ်ပျက်ကို ကျနော်တို့ အများစုက စိတ်ထဲမှာပြန်ပြောလေ့ရှိကြပါတယ်။ စိတ်ထဲမှာပြောဆိုမှုကကောင်းတဲ့ဘက်မှာကပ်နေခြင်းဖြင့် စိတ်ဓာတ်တက်ကြွအောင် လုပ်ဆောင်ပါ။

၆။လုပ်ရမယ့်အလုပ်တွေကို စာရင်းပြုစုပါ။

လုပ်စရာရှိတဲ့ အလုပ်တွေကို အသေးစိတ်ကအစ စာရင်းပြုစုထားပါ။တစ်ခုခုကိုလုပ်ပြီးသွားတိုင်း အဲစာရင်းတွေ စစ်ပြီးကြောင်း အမှတ်အသားပြုလုပ်တဲ့အချိန်တိုင်းမှာ စိတ်ဓာတ်တက်ကြွလာမှာ ဖြစ်ပါတယ်။

၇။ကိုယ့်ကိုယ်ကိုတည်ဆောက်ပါ။

ပျော်ရွှင်မှုက သင့်ဆီမှာပဲ ရှိပါတယ်။ သင်က ဘယ်လိုပတ်ဝန်းကျင်မှာပဲ နေထိုင်နေပါစေ ပျော်ရွှင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပါ။ အကယ်၍သင်က စိတ်ဓာတ်ကျနေသူတစ်ဦး ဖြစ်နေရင်တောင် သင့်ပတ်ဝန်းကျင်နဲ့ ဘဝပုံစံကို အဓိပ္ပာယ်ရှိတဲ့ နေ့သစ်တွေဆီ ပြောင်းလဲဖို့ရာ အပြုသဘောဆောင်တဲ့လုပ်ရပ်တွေကိုသာ လုပ်ဆောင်ပါ။

Writer & Translator : Shwe Yi

*** Unicode ***

#POINTYouthPlatform #POINT

အလုပ်အဆင်မပြေမှူတွေ၊ ဝမ်းနည်းမှူတွေ၊ ပင်ပန်းမှုတွေနဲ့ နေ့စဉ်ဖြတ်သန်းနေရပြီး အဲ့ဒိပင်ပန်းတဲ့အတွေးတွေနဲ့ပဲ နေထိုင်နေရတဲ့အခါ ကျနော်တို့မှာ လုပ်ဆောင်နိုင်စွမ်းတွေ မရှိကြတော့ပါဘူး။ အဲ့ဒီလို လုပ်ငန်းခွင်မှာ၊ မိသားစုအရေးနဲ့ ပတ်သက်တာ စတဲ့ အဆင်မပြေမှုတွေ၊ စိတ်ဖိစီးမှုတွေ ရှိနေရင် အဲ့ဒိအခြေအနေကနေ ရုန်းထွက်နိုင်မယ့် စိတ်ဓာတ်စစ်ဆင်ရေးနည်းဗျူဟာအချို့ကို POINT ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ရေရှည်စီမံကိန်းသာမက ရေတိုစီမံကိန်းထားပြီး လုပ်ဆောင်ပါ။

ကျနော်တို့တွေက အနာဂတ်ရည်မှန်းချက်အတွက် ကာလရှည်ကြာလုပ်ဆောင်ဖို့ အရင်ဆုံးမြင်ယောင် ကြည့်ပါ။ တာဝန်တစ်ခုတစ်တည်းကိုပဲ တဟုန်ထိုးလုပ်မဲ့အစား နောက်ဆုံးပိတ်ပန်းတိုင်အတွက် အဆင့် သေးသေးလေးကနေ စပြီးလုပ်ဆောင်ကြည့်ပါ။ သင့်ပန်းတိုင်အတွက် အစွမ်းသတ္တိတွေ ရလာပါ လိမ့်မယ်။

၂။ကိုယ့်ကိုယ်ကိုတွန်းအားပေးပါ။ဘယ်

အချိန်မဆို အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးပါ။ အဲဒီလုပ်ခြင်းအားဖြင့် အခက်အခဲတွေ ရင်ဆိုင်ဖို့ လွယ်ကူစေပါလိမ့်မယ်။

၃။သတ်မှတ်ချိန်အတွင်း ပြီးအောင် ဆောင်ရွက်ပါ။

သင်ဆက်လုပ်ရမယ့်အလုပ်တွေအတွက် သင်သတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးအောင် ကိုယ့်ဘာသာကိုယ် တွန်းအားပေးပါ။

၄။ရင်းနှီးသူတွေကို သင်ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို မျှဝေပါ။

သင့်မှာ လုပ်စရာအစီစဉ်ကြီးတစ်ခုရှိရင် သင်နဲ့ရင်းနှီးတိဲ့သူကို သင်ဘာတွေ သိထားလည်း ဘာတွေ ဖြစ်ဖြစ်မြောက်မြောက် လုပ်ခဲ့လည်းဆိုတာကို ပြန်လည်ပြောပြခြင်းဖြင့် စိတ်ဓာတ်တက်ကြွအောင် လုပ်ပါ။

၅။စိတ်ထဲမှာ ပြန်တွေးလျှင်လည်း အကောင်းဘက်ကိုသာ တွေးပါ။

တစ်နေ့တာလုံးကြုံခဲ့ရတဲ့ အဖြစ်ပျက်ကို ကျနော်တို့ အများစုက စိတ်ထဲမှာပြန်ပြောလေ့ရှိကြပါတယ်။ စိတ်ထဲမှာပြောဆိုမှုကကောင်းတဲ့ဘက်မှာကပ်နေခြင်းဖြင့် စိတ်ဓာတ်တက်ကြွအောင် လုပ်ဆောင်ပါ။

၆။လုပ်ရမယ့်အလုပ်တွေကို စာရင်းပြုစုပါ။

လုပ်စရာရှိတဲ့ အလုပ်တွေကို အသေးစိတ်ကအစ စာရင်းပြုစုထားပါ။တစ်ခုခုကိုလုပ်ပြီးသွားတိုင်း အဲစာရင်းတွေ စစ်ပြီးကြောင်း အမှတ်အသားပြုလုပ်တဲ့အချိန်တိုင်းမှာ စိတ်ဓာတ်တက်ကြွလာမှာ ဖြစ်ပါတယ်။

၇။ကိုယ့်ကိုယ်ကိုတည်ဆောက်ပါ။

ပျော်ရှွင်မှုက သင့်ဆီမှာပဲ ရှိပါတယ်။ သင်က ဘယ်လိုပတ်ဝန်းကျင်မှာပဲ နေထိုင်နေပါစေ ပျော်ရှွင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပါ။ အကယ်၍သင်က စိတ်ဓာတ်ကျနေသူတစ်ဦး ဖြစ်နေရင်တောင် သင့်ပတ်ဝန်းကျင်နဲ့ ဘဝပုံစံကို အဓိပ္ပာယ်ရှိတဲ့ နေ့သစ်တွေဆီ ပြောင်းလဲဖို့ရာ အပြုသဘောဆောင်တဲ့လုပ်ရပ်တွေကိုသာ လုပ်ဆောင်ပါ။

Writer & Translator : Shwe Yi

Career

Leave a Reply

Your email address will not be published. Required fields are marked *