ခေါင်းဆောင်ကောင်းဖြစ်ရန် ဆောင်ရွက်သင့်တဲ့ အချက် (၇)ချက်

#POINT#PointYouthPlatform

ဒီတစ်ပတ်မှာတော့ ခေါင်းဆောင်ကောင်းဖြစ်လိုတဲ့ Point ပရိသတ်ကြီးအတွက် သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးလိုက်ပါတယ်. . . .

(၁) သင့်အနားမှာ တော်ပီးထက်မြတ်တဲ့သူတွေ ဝန်းရံထားပါ။

သင့်ပတ်ဝန်းကျင်မှာ သင့်ထက် ဉာဏ်အမျှော်အမြင်ကြီးပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မားတဲ့သူတွေ ဝန်းရံထားပါ။ အမွှေးအတောင်တူတဲ့ ငှက်တွေအချင်းချင်း စုစည်းကြတယ်ဆိုတဲ့ စကားပုံလိုပါပဲ သင့်အနားမှာ တော်ပြီး ထက်မြက်တဲ့သူတွေပဲ ဝန်းရံထားပါ။

(၂) စာများများဖတ်ပါ။

စာများများဖတ်ခြင်းဖြင့် သင့်ရဲ့ဉာဏ်ပညာအသိမြင်ကို တိုးပွားစေပါတယ်။
စာဖတ်တာတွေအပြင် အသံဖိုင်တွေ နားထောင်ပြီးတော့လည်း သင့်အသိဉာဏ်ကို တိုးပွားအောင် ကြိုးစားနိုင်ပါတယ်။

(၃) စိတ်ဝင်တစားနားထောင်ပါ။

လူတွေရဲ့သဘာဝက တခြားသူတွေပြောတာကို စိတ်ဝင်တစားနားထောင် ဖို့ထက် ကိုယ်ပြောရမယ့်အလှည့်ကိုစောင့်ပြီး စကားပဲ ပြောချင်ကြပါတယ်။
တခြားသူစကားပြောနေချိန်မှာ သင်ပြောချင်တဲ့အကြောင်းတွေ မပြောဘဲနဲ့ သူပြောတဲ့အချက်တွေကိုပဲ စိတ်ဝင်တစားနားထောင်တာက သင်ထင်ထားတာထက် အကျိုးများပြားတယ်ဆိုတာ သင်အဲ့ဒိလိုနားထောင်ကြည့်မှ လက်တွေ့သိနိုင်မှာပါ။

(၄) သင့်အမှားတွေ ကျရှုံးမှုတွေကို သင်ယူပါ။

ကျွန်ုပ်တို့က မကြာခဏဆိုသလို အမှားတွေပြုလုပ်တတ်ကြပေမယ့် လူအများစုက အဲ့ဒိအမှားတွေကို သေချာမမှတ်ထားကြဘဲ အမှားတွေကနေ ပြန်လည်မသင်ယူကြပါဘူး။ သင့်အမှားတွေ၊ ကျဆုံးမှုတွေက သင်ယူ နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သင်မှားခဲ့တဲ့အမှားတွေ၊ သင်ရခဲ့တဲ့သင်ခန်းစာတွေကို ချရေးထားပါ။ သင်ဘယ်အမှားတွေကို ဘာကြောင့်မှားခဲ့တယ်ဆိုတာ မသိရင် အဲ့ဒိအမှားတွေကိုပဲ နောက်ထပ် ထပ်မှားနေဦးမှာ ဖြစ်ပါတယ်။

(၅) သင့်အတွက် အကျိုးရှိတဲ့ အပန်းဖြေလေ့ကျင့်ခန်းတွေလုပ်ပါ။

သင့်အားလပ်ချိန်တွေမှာ သင့်ဦးနှောက်ကို အနားပေးထားတာမျိုးထက် သင့်အတွက် အကျိုးရှိစေတဲ့ အပန်းဖြေလေ့ကျင့်ခန်းတွေ၊ ဉာဏ်ရည်တိုးတက်စေမယ့် ဂိမ်းတွေ၊ စာဖတ်တာတွေ ပြုလုပ်ပါ။ တီဗွီအကြည့်လွန်ခြင်းက ရှောင်ကြဉ်ပါ။

(၆) အမြဲတမ်းသင်ယူလေ့လာနေပါ

ကျွန်ုပ်တို့သင်ယူလေ့လာခြင်းက ဘယ်တော့မှအဆုံးမသတ်သင့်ပါ။ ဒါပေမယ့်ပညာဆိုတာစာသင်ခန်းထဲမှာပဲ သင်ယူရတာ မဟုတ်တဲ့အတွက် သင်မသိသေးတဲ့ အသစ်အသစ်တွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေပါ။

(၇) တိုင်ပင်ဆွေးနွေးပါ

စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ခြင်းက ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် တိုင်င်ပင်ဆွေးနွေးခြင်းက အကောင်းမွန်ဆုံး စိတ်ထွက်ပေါက်တစ်ခုဖြစ်ပြီးတော့ မွန်းကျပ်မှုတွေကို လျော့ကျစေတဲ့အတွက် သင်ယုံကြည်ထိုက်သူတွေ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ပါ။ ဒါ့အပြင် တခြားသူတွေရဲ့ အကြောင်းနားထောင်ပေးခြင်းကလည်း သင့်စိတ်မွန်းကြပ်မှုတွေကို ပြေပျောက်စေနိုင်ပါတယ်။

Writer & Translator : Cherry

Career

Leave a Reply

Your email address will not be published. Required fields are marked *