ကိုယ့်ပန်းတိုင်ကို အရောက်လှမ်းနိုင်မယ့် နည်းလမ်းများ

#POINT#Point Youth Platform

ဘဝမှာ ရှိရမယ့် အကျိုးရှိဆုံး စွမ်းရည်တစ်ခုကတော့ အချိန်ကို ထိထိရောက်ရောက် သုံးစွဲတတ်တာပဲ ဖြစ်ပါတယ်။ ကိုယ့်အချိန်ကို ကောင်းကောင်း အသုံးမချတတ်ရင်၊ လုပ်ငန်းနဲ့ ဘဝမှာ သွားချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ လမ်းမမြင်ပါဘူး။

တကယ်လို့ ကိုယ်က ရည်မှန်းချက်တွေ အောင်မြင်ဖို့ ပြင်းထန်တယ်ဆိုရင်၊ ကိုယ့်ရည်ရွယ်ချက်တွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ချမှတ်ဖို့သာမက၊ မကောင်းတဲ့ အကျင့်တွေကို စွန့်လွှတ်ရပါမယ်။ အချိန်ဖြုန်းတဲ့သူတွေက လမ်းဘေးရောက်နိုင်တဲ့အတွက်၊ အလုပ်ကို ကြိုးစားလုပ်ဖို့ လိုအပ်ပါတယ်။

“ကိုယ့်အချိန်ကို ဘယ်လို ကောင်းမွန်စွာ သုံးစွဲမလဲ”

(၁) ရည်မှန်းချက် ပန်းတိုင်ထားပါ။

ပန်းတိုင်တွေ ချမှတ်ဖို့ နည်းလမ်း အကောင်းအဆိုး တွေ ရှိပါတယ်။ တကယ်လို့ ကိုယ့်ပန်းတိုင်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးမချဘူးဆိိုရင်၊ သင့်တော်တဲ့ နေရာကို ရောက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့ နည်းလမ်းကတော့ အထက်ရောက်စေပါတယ်။

(၂) အရေးကြီးတာ အရင်လုပ်ပါ။
ကိုယ်က ခက်ခဲတဲ့အလုပ် လုပ်ဖို့ ရှိတယ်ဆိုရင်၊ မနက်ခင်းမှာ ပထမဆုံး လုပ်လိုက်တာ အကောင်းဆုံးပါပဲ။ တကယ်လို့ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ လုပ်ရမယ့် အလုပ်နှစ်ခု တစ်ပြိုင်တည်း လုပ်ရမယ်ဆိုရင်၊ အရေးကြီးတာကို အရင်လုပ်ပါ။ ဒါတွေ ပြီးမြောက်သွားတာက သင့်ရဲ့ကျန်တဲ့ နေ့တွေမှာ အရှိန်အဟုန် ပြင်းပြင်းနဲ့ ရွက်လွင့်နိုင်မှာ ဖြစ်ပါတယ်။

(၃) မကောင်းတဲ့အကျင့်တွေကို ဖယ်ရှားပါ။
ကျွန်တော်တို့မှာရှိတဲ့ အကြီးမားဆုံး အချိန်ဖြုန်းတဲ့သူတွေထဲက တစ်ခုကတော့ အကျင့်ဆိုးတွေပဲ ဖြစ်ပါတယ်။ တီဗွီများ ကြည့်ရှုခြင်း၊ လူမှုကွန်ရက် မီဒီယာတွေ အလွန်အကျွံသုံးစွဲခြင်း၊ ဂိမ်းကစားခြင်းနဲ့ သူငယ်ချင်းတွေနဲ့ မကြာခဏ အရက်သွားသောက်တာ၊ အစသဖြင့် ကိုယ့်မှာ ရှိတဲ့ အဖိုးတန်အချိန်တွေကို ဖြုန်းတီးစေတဲ့ မကောင်းတဲ့အကျင့်တွေကို ဖယ်ရှားရပါမယ်။ ကိုယ့်ဘဝမှာ ရည်ရွယ်ထားတဲ့ ပန်းတိုင်တွေ ရောက်ဖို့ ကိုယ်ရဲ့ အကျင့်ဆိုးတွေကို ဖယ်ရှားပြီး အချိန်တွေကို အကျိုးရှိစွာ အသုံးချရပါမယ်။

(၄) အလုပ်လုပ်တဲ့အခါ မကြာခဏ အနားယူပါ။

လေ့လာမှုတစ်ခုက အလုပ်ကို အချိန် (၅၂) မိနှစ် အလုပ်သင့်ပြီး၊ (၁၇) မိနှစ် အနားယူသင့်ပါတယ်လို့ အကြုံပြုထားပါတယ်။ ဇိမ်ခံခိုင်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန် ခဏတစ်ဖြုတ် အနားယူသင့်ပါတယ်။ ကိုယ်က လုပ်ငန်းရှင်တစ်ယောက် ဖြစ်မယ်ဆိုရင်တော့၊ ဒါ လုပ်ကိုလုပ်ရပါမယ်။ ကိုယ့်စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေနေတွေကို ခဏတစ်ဖြုတ် အနားပေးသင့်ပါတယ်။

(၅) မနက်ခင်းတိုင်း တရားထိုင်ပါ (သို့) လေ့ကျင့်ခန်းလုပ်ပါ။

ဒီနည်းလမ်းက ကိုယ့်အချိန်ကို ပိုကောင်းအောင် စီမံနိုင်ပါ့မလားလို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် မနက်ခင်းတိုင်း တရားထိုင်တာနဲ့ လေ့ကျင့်ခန်း လုပ်တာက သင့်စိတ်ကို တည်ငြိမ်စေပါတယ်။ ကိုယ့်ဘဝရဲ့ အဆိပ်အတောက် ဖြစ်စေမယ့်အရာတွေကို ဖယ်ထုတ်ပြစ်ကာ၊ ကိုယ့်စွမ်းအင်တွေ၊ သက်လုံကောင်းမှုနဲ့ စိတ်စုစည်းမှုတွေကို သိသိသာသာ အကျိုးသက်ရောက်မှု ရှိပါတယ်။

(၆) နောက်တစ်နေ့အတွက် ညပိုင်းကတည်းက လုပ်ရမယ့်စာရင်း ပြုလုပ်ပါ။
ညအိပ်ရာမဝင်ခင်တိုင်း၊ နောက်တစ်နေ့အတွက် စာရင်းပြုလုပ်ပါ။ ကိုယ့်ပန်းတိုင်တွေကို ကြည့်ပြီး၊ ပိုပြီး ရှေ့ရောက်စေဖို့ အထောက်အကူ ဖြစ်စေတဲ့အရာတွေကို မြင်အောင်ကြည့်ပါ။ ညဉ့်မနက်စေပါနဲ့။ အချိန်ယူရပါမယ်။ လုပ်ရမယ့်အရာတွေကို နောက်တစ်နေ့အတွက် ထိထိရောက်ရောက် ရေးဆွဲရပါမယ်။ ဒါက ကြီးမားတဲ့၊ ရှည်လျားတဲ့ ပန်းတိုင်တွေဆီ ရောက်ရှိစေဖို့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို အောင်မြင်စေဖို့ ပိုပြီးလွယ်လွယ်ကူကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

(၇) လူမှုကွန်ရက်မီဒီယာ Appတွေ အချက်ပေးတာတွေကို ပိတ်ထားပါ။

ကြားဖြတ်ဝင်တတ်တဲ့ လူမှုကွန်ရက်မီဒီယာ အချက်ပေးမှုတွေက ကိုယ့်အချိန်ကို အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။ အချိန်တိုင်း အချက်မပေးဖို့ မလိုအပ်ရင်၊ ကိုယ့်သူငယ်ချင်းတွေ ဘာဖြစ်နေလဲဆိုတာ သိဖို့မလိုအပ်ရင်၊ ပိတ်ထားပါ။ အရေးကြီးဆုံးက စိတ်အေးချမ်းချမ်းနဲ့ လက်တစ်ကမ်းမှာ လုပ်ဆောင်ရမယ့်အရာတွေကို ပိုပြီး အာရုံစိ်ုက်ပါ။

(၈) အစီအစဉ်တကျထားပါ။

လေ့လာမှုတွေအရ ကျွန်တော်တို့နေတဲ့ ပတ်ဝန်းကျင်က ရှုပ်ပွနေတယ်ဆိုရင်၊ အာရုံစူးစိ်ုက်မှု လျော့နည်းစေပါတယ်။ အာရုံထွေပြားသွားတဲ့အခါ၊ အချိန်ကုန်စေပါတယ်။ ဒီလိုမဖြစ်စေချင်ရင်၊ သန့်သန့်ရှင်းရှင်းနဲ့ အစီအစဉ်တကျ ထားရှိပါစေ။ အားလုံးကို တစ်ပြိုင်တည်း မလုပ်ပါနဲ့။ နည်းနည်းက စပါ။ ဒီနေ့ကို အံဆွဲ၊ မနက်ဖြန် စာကြည့်စင်၊ နောက်တစ်နေ့ အဝတ်ဗီရို၊ တစ်နေ့ပြီး တစ်နေ့ရှင်းပါ။ ကိုယ့်ကိုယ်ကို အစီအစဉ်တကျ ထားတဲ့သူအဖြစ်သို့ တဖြည်းဖြည်း ကူးပြောင်းကာ၊ အရှိန်အဟုန်ကို တည်ဆောက်ရပါမယ်။

Writer & Translator : Hsu MI San

Career

Leave a Reply

Your email address will not be published. Required fields are marked *