ကိုယ့်ကိုယ်ကို တိုးတက်စေရန် လမ်းညွှန်ချက်များ

#POINT #PointYouthPlatform

ဘဝမှာလိုချင်တာအားလုံးရှိနေပြီးတော့ စိတ်ကျေနပ်မှုမရနိုင်ဖြစ်နေလား။ ဘဝမှာ အဆင်မပြေနိုင်တဲ့အရာတစ်ခုခုဆိုတာက အမြဲတမ်းရှိနေတတ်ပါတယ်။ မင်းဘဝကို ပြောင်းလဲစေဖို့ မင်းကိုယ်မင်းတိုးတက်အောင်လုပ်ဖို့ လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုကောင်းမွန်အောင်လုပ်ဖို့ဆိုတာက အကောင်းမြင်စိတ်နဲ့လဲသက်ဆိုင်ပါတယ်။ အဆိုးမြင်စိတ်တွေက ကိုယ့်ရဲ့ကောင်းမွန်တဲ့စိတ်ကို လျော့ကျသွားစေပြီး တိုးတက်အောင်လုပ်ဖို့လဲ နှေးကွေးလာပါတယ်။ ဒါကိုမလုပ်နိုင်ဘူးလို့ အမြဲတမ်းတွေးနေမယ်ဆိုရင် ဖြစ်လာမယ့်အရာရာတိုင်းက ဆိုးဝါးလာနိုင်ပါတယ်။
အရာအားလုံးကိုလုပ်နိုင်တယ်လို့ မယုံကြည်ဘဲ အားလုံးအဆင်ပြေသွားမှာပါလို့ ပြောနေတာက အသုံးမဝင်ပါဘူး။ အရေးကြီးဆုံးအချက်ကတော့ ဘဝမှာ အကောင်းမြင်စိတ်ကိုထားရှိဖို့ပါပဲ။
ကိုယ့်ကိုယ်ကို တိုးအောင်လုပ်ဖို့ အရေးကြီးတဲ့အချက်တွေထဲမှာ ပထမဆုံး အချက်ကတော့ ကိုယ့်ကိုယ်ကို သိအောင်လုပ်ဖို့ပါပဲ။ ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးအပေါ်မှာ ကိုယ်ဘယ်လိုတုန့်ပြန်လဲဆိုတာကို သိဖို့ကလဲ အရေးကြီးပါတယ်။
မင်းရဲ့စိတ်ခံစားချက်တွေအပေါ်မှာ သေချာအာရုံစိုက်ပြီးတော့ ဘယ်ကနေ ဒီခံစားချက် ရောက်လာသလဲ ဆိုတာကို ရှာဖွေရပါမယ်။ မင်းစိတ်ကို ပိုဆိုးဝါးလာစေမယ့်အရာတွေနဲ့ ပိုတိုးတက်လာစေမယ့်အရာတွေကိုလဲ ခွဲခြားသိနေဖို့က အရေးကြီးပါတယ်။
မင်းကိုပျော်ရွှင်လာစေတဲ့အရာတွေကဘာတွေလဲ ဆိုတာကို သိအောင်လုပ်ပါ။ ဘဝမှာ အရေးကြီးတဲ့ပန်းတိုင်တွေကို လုပ်ဆောင်ပါ။ ကိုယ့်ဘဝရဲ့ပန်းတိုင်ကဘာလဲ။ ဒါကိုစိတ်ကျေနပ်မှုရရဲ့လားဆိုတာတွေကို ကိုယ့်ကိုယ်ကိုပြန်မေးပါ။ဘဝရဲ့ပန်းတိုင်တွေကို စိတ်ထဲမှာအမြဲတမ်းမှတ်သားထားပါ။
၁။ ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်ဖို့ အစီအစဉ်တစ်ခုကို ရေးဆွဲပါ။
ပန်းတိုင်တွေကဘာလဲဆိုတာကို သိပြီဆိုရင် အဲ့တာတွေကို ဘယ်လိုရအောင်လုပ်မလဲဆိုတာကို လုပ်ဖို့ပဲလိုအပ်ပါတယ်။ ဒါကိုလုပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပန်းတိုင်တွေကို ခွဲခြားစိတ်ဖြာပြီးတော့ တစ်ခုချင်းစီ ပြီးမြောက်အောင်လုပ်ဆောင်ပါ။ ခြေလှမ်းသေးသေးလေးတွေနဲ့ ပန်းတိုင်ကြီးဆီကို လျှောက်လှမ်းလိုက်ပါ။
၂။ ကိုယ့်ရဲ့အကျင့်တွေကို ပြန်လည်သုံးသပ်ပါ။
တစ်ချို့သောအကျင့်တွေက ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ နှေးကွေးစေနိုင်ပါတယ်။ ဒါကြောင့် ဘယ်အကျင့်တွေက အကျိုးမရှိဘူးလဲဆိုတာကို သေချာသိနေဖို့လိုအပ်ပါတယ်။ အကျင့်တွေကို ပြောင်းလဲဖို့ဆိုတာက မလွယ်ကူပါဘူး။ ဒါတွေက အချိန်အကြာကြီး လုပ်လာခဲ့တဲ့အရာတွေလေ။ ဒါကြောင့် ပြောင်းလဲဖို့ဆိုတာက အတော်လေးခက်ခဲပါတယ်။
၃။ ကိုယ့်ရဲ့အားနည်းချက် အားသာချက်တွေကို သတိထားရပါမယ်။
အားသာချက်တွေကို သိထားမယ်ဆိုရင် မင်းကျွမ်းကျင်အောင်လုပ်ဆောင်ရမယ့် တာဝန်တွေမှာ ဒါတွေကို အသုံးပြုလို့ရနိုင်ပါတယ်။ အားနည်းချက်တွေကို သိထားမယ်ဆိုရင်လဲ ဒါကိုမှန်ကန်အောင်လုပ်ဖို့ ပိုကောင်းကောင်းလုပ်ဆောင်နိုင်ပါတယ်။
၄။ နေ့တိုင်းစာဖတ်ပါ။
စာများများဖတ်ပါ။ စာဖတ်လေလေ အသိဉာဏ်ပိုကြွယ်ဝလေလေပါပဲ။ စာဖတ်ခြင်းက စိတ်ကိုတည်ငြိမ်စေနိုင်သလို အကောင်းမြင်စိတ်တွေကိုလဲ မွေးဖွားပေးနိုင်ပါတယ်။ ဒါကတော့ ဦးနှောက်ကို အစာကျွေးတာနဲ့ အတူတူပါပဲ။
၅။ ကြောက်စိတ်တွေကို ကျော်လွှားပါ။
လူတိုင်းမှာ ကြောက်စိတ်တွေဆိုတာ ရှိကြပါတယ်။ ဒီကြောက်စိတ်တွေက ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့အတွက် အနှောက်အယှက်ဖြစ်စေမယ့် ရန်သူတွေပါပဲ။ ဒါကြောင့် တစ်ခုခုကို ကြောက်လန့်နေတယ်ဆိုရင် အဲ့တာကို ကျော်လွှားဖို့အတွက် လုပ်ဆောင်လိုက်ပါ။ ဒါကတော့ အကောင်းမွန်ဆုံးနည်းလမ်းတစ်ခုပါပဲ။
၆။ မင်းရဲ့အနာဂတ်အတွက် စာတစ်စောင်ရေးသားပါ။
အခုကစပြီး နောက်ငါးနှစ်မှာ မင်းကဘယ်လိုပုံစံဖြစ်နေမယ်လို့ ထင်လဲ။ အခုလိုပဲ အတူတူဖြစ်နေဦးမှာလား။ ဒါမှမဟုတ် ကွဲပြားသွားတော့မှာလား။ အနာဂတ်ဆီကို စာတစ်စောင်ရေးသားလိုက်ပါ။ အခုကစပြီးတော့ တစ်နှစ်ဆိုရင် ကောင်းမွန်တဲ့စတင်မှုတစ်ခုပါပဲ။ ဒါကိုနေ့ရက်သတ်မှတ်ထားပြီးတော့ တစ်နှစ်ပြည့်ချိန်မှာ ဖွင့်ကြည့်ဖို့လုပ်ထားပါ။ ပြီးရင် အဲ့ဒီစာထဲမှာ ရေးထားသလို လူတစ်ယောက်ဖြစ်လာစေဖို့ စပြီးတော့ ကြိုးစားလုပ်ပါ။
ဒါတွေကတော့ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့ လုပ်ဆောင်ရမယ့် အကြောင်းအရာတွေပါပဲ။ ဒီနေ့ကစပြီးတော့ ဒီနည်းလမ်းတွေအတိုင်း စမ်းပြီးတော့လုပ်ကြည့်ပါ။ ကိုယ့်ကိုယ့်ကို တိုးတက်အောင်လုပ်ချင်တယ်ဆိုရင်တော့ ဒါတွေကို လုပ်ကြည့်ဖို့လိုနေပါပြီ။ ဒါတွေကို စောစောအကောင်အထည်ဖော်လေ ရလဒ်ကောင်းတွေကို မြန်မြန်မြင်တွေ့ရလေလေပါပဲ။

Translator : Su Mon

Career

Leave a Reply

Your email address will not be published. Required fields are marked *